မှုခင်းစိတ်ပညာရှင် (၆)

261 49 0
                                    

အကြောင်းပြချက် ကောင်းကောင်းတောင် မပေးတော့ဘဲ မြို့ရဲ့ မူလတန်းကျောင်းနှင့် ဆန့်ကျင်ဘက်ကို မောင်းသွားလိုက်သည်။ များစွာသော နီယွန်မီး အလင်းရောင် တွေကြားက ဖြတ်လာခဲ့ပြီးနောက်မှာ လင်းချန်တစ်ယောက် သူ့ကို ရဲကများ ပြန်ပေးဆွဲနေပြီလားဟု ခံစားလာရသည်။ ဒီတခါ ကားရပ် လိုက်တော့ နာမည်အကြီးဆုံး လမ်းဘေးမုန့်တန်းကို ရောက်နေခဲ့ပြီ။

“ကျွန်တော် အခွင့်အရေးယူ၊ ထင်ရာစိုင်းပြီး ရဲစခန်းကို ခေါ်ခဲ့မိတာ။
ပြီးတော့ စုံစမ်းမှုမှာ ကူညီပေးဖို့ပါ တောင်းဆိုမိတယ်။
အရမ်းအားနာလို့ ညစာကျွေးမလို့ပါ၊ လက်ခံပါနော်”

လင်းချန် ပြန်ပြောဖို့ စကားစ ရှာမတွေ့ဘူး။ ဘယ်လိုလူကမှ ရိုးရိုးသားသား ပြောလာတဲ့သူကို ငြင်းပယ်ဖို့ စကားလုံး ရှာနိုင်မှာမဟုတ်ပါဘူး။ သူ့အစား ဖုဟောင်က ကားထိုင်ခုံနောက်ကို လက်တင်ကာ
“မင်း ဒီနေ့ ငါ့အကိုကို အနှောင့်အယှက်ပေးပြီးမှ ဒီလမ်းဘေးဆိုင်က အစားအသောက်တွေ ကျွေးမလို့လား။ အရှက်မရှိဘူးလား ဘိုးတော်လျန်”

“ဒီဆိုင်တွေက ဘာဖြစ်နေလို့လဲ၊
အခုခေတ်ကြီးမှာ ကျောက်ပုစွန် တစ်ကောင်တောင် ခြောက်ယွမ်ဖြစ်နေပြီ”

ရှင်းကုန်းလျန်က နာကျင်သွားသည့် အမူအရာနှင့်ပြောသည်။
“အမှုကို မဖြေရှင်းနိုင်သေးတာနဲ့ပဲ ဒီလရဲ့ အပိုကြေးတွေက မရတော့ဘူးကွ။ ချွေတာရတော့ မှာ”

ပထမအကြိမ်က လက်ဖက်ရည်သောက်ဖို့ဆိုပြီး အခေါ်ခံခဲ့ရတာ၊ အခုက ညစာတဲ့လား။ ကံကောင်းလို့ ထောင်ထဲမှာ စားရတာ မဟုတ်ပေဘူး။

ကုန်းလျန်က ဈေးထောင်တက်နေပြီလို့ ငြီးတွားပြီး အခုတော့ကျ ကျောက်ပုစွန်တွေ ပေါင် ၈၀ လောက်သည်။ ပတ်ပတ်လည်မှာ  ခွက်ချင်းတိုက်သည့် အသံတွေနှင့်။ ဆိုင်ရှင်ဟာ သူ့ဒယ်အိုးထဲကို ငရုတ်သီးမှုန့် တွေ ဖြူးထည့် နေသည်။ ပူပူလောလော ဟင်းတွေကလာသည့် တထောင်းထောင်း ထနေတဲ့အငွေ့တွေ ဟာ နေရာအနှံ့မှာရှိနေသည်။ ဖုဟောင် ဘေးဘီကို ကြည့်ပြီး အခိုးငွေ့တွေ မွှန်ကာ ချောင်းဆိုး လာရင်း
“မင်း အဆင့်နဲ့ အကြိုက်ကလည်း ကွာ”

မှုခင်း စိတ်ပညာရှင် ( translation novel)Where stories live. Discover now