Episode - 1🩺❤️
တိတ်ဆိတ်ငြိမ်သက်နေသောညနေခင်းတစ်ခုတွင် အခန်းငယ်တစ်ခုအတွင်း၀မ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေလေသည်။တွေ့ကြဆုံကြကွဲကြဟူသော ပုထုဇဉ်သဘောတရားကိုလက်မခံနိုင်သေးသည့်အမျိုးသမီးငယ်။ထိုအမျိုးသမီးငယ်အားကြေကွဲစို့နင့်စွာကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေသောလူတစ်ယောက်။အိပ်ရာပေါ်တွင်လဲနေရင်း ၀င်သက်ထွက်သက်ကိုအားယူကာ ထိုအမျိုးသမီးနှင့်ဘေးမှလူတစ်ယောက်အား အားကိုးတကြီးကြည့်နေသောမျက်၀န်းများနှင့်လူနာတစ်ဦး••••••••••••
" မောင်မောင်ငါ့သမီးကိုစိတ်ချပါရစေကွာ "
"စိတ်ချပါကိုကြီး ကိုကြီးသမီးကိုကျွန်တော့်သမီးအရင်းလိုရင်အုပ်မကွာစောင့်ရှောက်ပါ့မယ်လို့ကျွန်တော်ကတိပေးပါတယ်"
ဟုထိုသူကဆိုလိုက်ရာ ထိုလူနာသည်အခြားဘက်မှအမျိုးသမီးငယ်ကိုကြည့်ကာ လေးပင်သောပါးစပ်ကိုအားယူကာလှုပ်ရှားစေ၍ -
"သမီးလေး Rose ဖေဖေမရှိတော့တဲ့အခါ လိမ်လိမ်မာမာနေပါကွယ် သမီးဦးလေးစကားနားထောင်"
"ဟာ ဖေဖေကလည်း ဖေဖေကဘာလို့မရှိရတော့မှာလဲ"
"ဖေဖေကသမီးဘေးမှာရှိနေရမှာပေါ့ နိမိတ်မရှိ"
"ဖေဖေ့ရောဂါဖေဖေသိတယ်သမီး"
"ဖေဖေလောကကြီးကိုနှုတ်ဆက်ရတော့မယ်သမီးလေး"
"ဖေဖေတောင်းတဲ့ကတိကိုသာပေးစမ်းပါ"
"ပေး ပေးပါတယ် ဖေဖေ"
ဟုထိုအမျိုးသမီးငယ်မှမျက်ရည်များစို့တက်လာကာအဖြေပေးလိုက်စဉ်တွင် လူနာသည်လည်း မျက်လုံးများကိုဖြည်းညင်းစွာပိတ်ပြီး ဇက်မှာတစ်ဖက်တည်းသို့ကျိုးကျသွားလေသည်။ထိုအခြင်းအရာကိုမြင်သောအမျိုးသမီးငယ်လေးမှာ ဆောက်တည်ရာမရဖြစ်၍ သေဆုံးသွားခဲ့ပြီဖြစ်သောအဖေဖြစ်သူ၏ခန္ဓာကိုယ်ကိုလှုပ်ရမ်းကာ -
"ဖေဖေ ဖေဖေ ထပါဦး"
"Roseကိုကြည့်ပါဦး"
"ဖေဖေဖြစ်စေချင်တဲ့အတိုင်းနေပါ့မယ် Roseဖေဖေ့စကားနားထောင်မယ်လေ"