Episode - 11(Unicode)

7.8K 461 0
                                    

Episode - 11 🩺❤️

Rose သူမနှင့်မတွေ့ရသည့် ခြောက်ရက်တာအတွင်း သူမဌားပေးခဲ့သည့် ၀တ္ထုစာအုပ်လေးကို အေးအေးဆေးဆေးဖတ်ဖြစ်သည်။စာဖတ်ရသည်ကိုပျင်းရိလှသော Rose....အခုတော့ စာဖတ်ပရိသတ်ကြီးတစ်ဦးဖြစ်နေပြီ။

ထုံးစံအတိုင်း ခြောက်ရက်လွန်မြောက်ကာ ခုနှစ်ရက်မြောက်နေ့တွင် သူမ Roseဆီရောက်လာခဲ့သည်။သူမပြောင်းလဲပေးခဲ့သောအမူအကျင့်လေးများကြောင့် Roseမှာ မြန်မာမိန်းကလေးတစ်ယောက်ပုံစံနှင့်ပိုတူလာလေသည်။ပန်းပုဆရာက ဆောက်ကိုအသုံးပြုကာ သစ်သားတုံးကို ထုဆစ်ပုံဖော်ပြီး ဒေါက်တာကတော့ ဘာကိုသုံးပြီး Roseကိုထုဆစ်လိုက်လဲမသိ.....ယခုအခါ Roseမှာအပြောင်းအလဲကြီးပြောင်းလဲကာ အရင်လိုဆိုးသွမ်းနေသူလေးမဟုတ်တော့.....

သူမလာမည့်နေ့တိုင်း Roseမှာ ခြံထဲက ဒန်းလေးပေါ်တွင်ထိုင်ကာ အမြဲကြိုစောင့်နေတတ်သည်။မျှော်တော်ယောင်ဘ၀လေးနှင့် Sundayတိုင်းသည် Roseအတွက် အပျော်တွေနှင့်ပြည့်နေသည်။ဒီနေ့လည်းသူမကားလေးခြံထဲသို့၀င်လာသည်နှင့်တစ်ပြိုင်နက် ကားနားထိသွားကာ -

" Super Sundayပါ ဒေါက်တာ"

"ဟုတ်ကဲ့ပါရှင်"

"ဒါနဲ့အပြင်တွေဘာတွေမထွက်တော့ဘူးလား"

"မထွက်ပါဘူး ဒီနေ့အိမ်မှာပဲနေမှာ"

"ဟုတ်ပါပြီရှင်"

"ကြီးနုရေ Roseအခန်းထဲကို Sunkistနှစ်ဘူးရယ် ပေါင်ပေါက်ဆုပ်ဘူးရယ်လာပို့ပေးပါနော်"

"ဟုတ်ပြီ သမီး"

"ဟေး ကလေး ဘာလုပ်မလို့လဲ ပေါက်ပေါက်က"

"လာစမ်းပါ ဒေါက်တာရာ Roseနောက်လိုက်ခဲ့"

"အပေါ်ရောက်ရင်ပြမယ်"

"အမယ်လေးလေး ဈေးကိုင်လိုက်တာ"

"လာပြီ လာပြီ"

Roseကသူမလက်လေးကိုဆွဲကာသူ့အခန်းလေးထဲသို့ခေါ်လျက် သူမအားကုတင်ပေါ်တွင်ခေါင်းဦးလေးကိုမှီလျက်ထိုင်စေသည်။ထို့နောက် စောင်ခြုံပေးပြီးကုတင်ပေါ်သို့လေးချောင်းထောက်စားပွဲသေးသေးလေးကိုတင်လိုက်သည်။ပြီးလျှင် Laptopကိုစားပွဲပေါ်တင်လိုက်သည်။နားမလည်သော်လည်းသူမမမေးသေးပဲ Roseအပြောကိုစောင့်နေသည်။Roseကလည်းသူမဘေးတွင်၀င်ထိုင်ပြီး စောင်ခြုံထဲသို့၀င်လိုက်သည်။

My heart is you(Completed)Where stories live. Discover now