Episode - 20(Unicode)

7.6K 431 6
                                    

Episode - 20 🩺❤️

Roseမြန်မာပြည်ကိုခွဲသွားခဲ့တာ ယခုဆိုလေးနှစ်တင်းတင်းပြည့်တော့မည်။မိုးစက်တို့နှင့် Onlineမှာဆုံတဲ့အခါများမှ သူမသတင်းလေးနားစွင့်မိသည်။ဒီလောက်နဲ့ပဲကျေနပ်ကြရမည့်ဘ၀ ~~~~~

Rose၏အလုပ်ကြိုးစားမှုကြောင့် ယခုဆိုလျှင် Companyတွင်အရေးပါအရာရောက်သောရာထူးတစ်ခုကိုရောက်နေလေပြီ။အရင်လိုအစမ်းခန့်အလုပ်သင်မဟုတ်တော့ပဲ Distributionပိုင်းတစ်ခုလုံးကိုတာ၀န်ယူရသော ရာထူးကြီးသူတစ်ယောက်ပင်ဖြစ်နေလေပြီ။Roseတို့ Companyမှနာရီများသည် တစ်ကမ္ဘာလုံးရှိ သူဌေးများလက်ဖျားတွင်နေရာယူလျက်ရှိရာ ထိုပစ္စည်းများကိုဖြန့်ဖြူးရေးတွင် Roseတာ၀န်ကလည်းပို၍ကြီးလှသည်။

အချို့သော Itemများဆိုလျှင် စက်ရုံမှထုတ်လို့မပြီးခင် pre-orderမှာသူများကြောင့်ပို၍ သတိထားရသည်။ပိုင်ရှင်ထံမရောက်မီ ပို့ဆောင်ရာလမ်းတွင် တစုံတရာထိခိုက်ပျောက်ရှခြင်းရှိပါက တာ၀န်ခံဖြစ်သောသူကစိုက်ပေးရသည်။လစာမှာလည်း သူများနှင့်မတူအောင်ရသကဲ့သို့စိတ်ဖိစီးမှုမှာလည်း သူများထက်ဆယ်ဆလောက်ခံရသည်။

**ခရစ်စမတ်နားနီး၍ အလုပ်ရှုပ်ရသောနေ့တစ်နေ့****

ခရစ်စမတ်နီး၍ itemအသစ်အတွက် Launchingလုပ်ရန် Collaborationလုပ်မည့် အမျိုးသား အမျိုးသမီး၀တ် Suitထုတ်လုပ်သည့် Brandတစ်ခုနှင့်ပွဲကို ခရစ်စမတ်အမှီစီစဉ်ရသည်။ခရစ်စမတ်တွင်ထုတ်မည့် နာရီ Designအသစ်ဖြစ်၍ ဖြန့်ဖြူးရေးဌာနမှ Roseကဦးဆောင်ရသည်။ဒီနေ့သည် Collaborationလုပ်မည့် Companyဘက်က တာ၀န်ရှိသူနှင့်လုပ်ငန်းကိစ္စဆွေးရန် ဆိုင်တစ်ဆိုင်တွင်ချိန်းထားသည်။

မိမိဘက်မှနောက်ကျသည်ဟုမဖြစ်ရအောင် ဆိုင်သို့အရင်သွားပြီး ကော်ဖီတစ်ခွက်မှာကာသောက်နေလေသည်။ခဏအကြာအမျိုးသားတစ်ယောက်သူ့ဝိုင်းကိုလာထိုင်ရာ -

"အုပ်စိုး"

"Rose"

"နင်က Helenဘက်ကလား"

"အေးနင်က Denniဘက်ကလား"

"အေးတွေ့ရတာ၀မ်းသာတယ် Roseရာ"

"ငါရောပဲ နင်ငါတို့နှုတ်မဆက်ပဲထွက်သွားတာဟာ "

"Sorryပါဟာ အဲ့ဒီတုန်းကငါမရင့်ကျက်လို့ လုပ်မိလုပ်ရာလုပ်ခဲ့တာပါ"

My heart is you(Completed)Where stories live. Discover now