Episode - 2(Unicode)

12.2K 658 1
                                    

Episode - 2 🩺❤️

လူတွေမှာဖျောက်ဖျက်ပစ်ဖို့ခက်တာမူလဗီဇမဟုတ်ပါလား။ကျားသည်မွေးကတည်းကအသားစားလာ၍ အသက်သေဆုံးသည်အထိအသားစားကြသည်။ငယ်စဉ်ကအသားစားပြီး အသက်ကြီးမှအသားမစားပဲအသီးအရွက်ပြောင်းစားဖို့ခက်သည်။သတ္တဝါများတောင်ဤမျှခက်ခဲနေလျှင် အသိဉာဏ်ကြွယ်၀သည့်ဦးနှောက်နှင့်‌မွေးဖွား‌လာသောလူသားအဖို့ပို၍ မလွယ်ကူ~~~

Roseသည်အဖေ့နာရေးပြီး၍နှစ်ပတ်လောက်မှစကာ စိတ်ပြေလက်ပျောက်ဟူသောလက်သုံးစကားကိုသုံးကာ အရင်လိုပေါ့ပေါ့နေပေါ့ပေါ့စားဘ၀ကိုပြန်ရောက်သွားပြန်သည်။ခွေးမြီးကောက်ကျည်တောက်စွပ်ဖြစ်နေသောRoseကိုကြည့်ရင်း ဦးမောင်မောင်ရင်လေးရပြန်သည်။

မနက်မိုးလင်းတာနဲ့သူ့သူငယ်ချင်းအုပ်စုနဲ့အတူကားတစ်စီးနဲ့အပြင်ထွက် ညမိုးချုပ်မှပြန်လာ။တစ်ကိုယ်ရည်သမားလည်းဖြစ် လူပျိုကြီးလည်းဖြစ်သည့်ဦးမောင်မောင်မှာ တူမတစ်ယောက်အတွက်အကြပ်ရိုက်နေရသည်။Roseမှာညဘက် ယောင်္ကျားလေးသူငယ်ချင်းများကအိမ်ရှေ့ထိကားမောင်းပို့ရသည့်နေ့များလည်းရှိကာ ထိုကဲ့သို့သောနေ့များတွင် ဦးလေးဖြစ်သူက -

"Rose ကြည့်ကောင်းလို့ကြည့်နေတယ်မထင်နဲ့နော်"

"တစ်နေ့ငါ့ဒေါသနဲ့တွေ့တော့မယ် နင်တော့လား"

ဟုဒေါသဖြင့်အော်ငေါက်လျှင် Roseကအာလေးလျှာလေးနှင့်အရှိန်လေးလည်းရလာပြီဖြစ်သောအခါ -

"ဟာ ဦးလေးပဲဒီတူ‌မလေးကိုစောင့်ရှောက်ပါ့မယ်ဆို"

"အခုတော့ ငြိုငြင်နေချင်ပြီလား"

"အဖေ့ Companyကြီးဦး‌ငယ်ယူလိုက် Roseကိုတော့ဒီတိုင်းလွှတ်ထားပေးပါ"

"ဖေဖေ့ကိုဒီနည်းလေးနဲ့မေ့နေရတာကို "

"Roseကိုမချုပ်ချယ်ကြပါနဲ့ တောင်းပန်ပါတယ်"

ဟုမူးမူးရူးရူးနှင့်ပေါက်ကရပြောလျှင် ဦးမောင်မောင်မှာပို၍ ဒေါသထွက်ကာ -

"နင့်အဖေစည်းစိမ် နင်ပဲယူ "

"ငါတစ်စက်လေးမှမထိဘူး"

"အချိန်တန်ရင်နင့်လက်ထဲပဲငါပေးရမှာ"

"ငါအခုပြောနေတာ နင်ပျက်စီးနေလို့"

My heart is you(Completed)Tahanan ng mga kuwento. Tumuklas ngayon