Episode - 25(Extra)(Zawgyi)

2.6K 36 0
                                    

      လုပ်ငန်းဆောင်တာတို့ကြားကအိမ်ရှင်မနှစ်ဦးမှာ နေ့ရက်တစ်ရက်ကုန်သွားလို့ကုန်မှန်းမသိအောင်အလုပ်ဇယ်ဆက်နေသည့်အခါ ဝေးကွာချင်သ‌ယောင်ဖြစ်လာသည်။ထိုခံစားမှုကိုဒေါ်ထိပ်ထားထွေးမှာ စဉ်ဆက်မပြတ်ခံစားလာရသည်။အသက်အရွယ်ကွာခြားရသည့်အထဲ လူကြီးဖြစ်နေ၍ Rose အပေါ်မှီခိုအားထားစိတ်က တစ်နေ့ထက်တစ်နေ့ ဆထက်တိုး၍ ပိုလာမိပါသည်။

       Rose နောက်ပိုင်းအလုပ်ခရီးထွက်သည့်အခါ သူမအမြဲလိုလိုအိမ်၌နေခဲ့ရသည်။Rose မူကား ကြင်သူ၏အသက်အရွယ်နှင့်ခရီးပန်းသည့်ဒဏ်ကိုထည့်တွက်ကာ အိမ်အကူအမျိုးသမီးလေးနှင့်အတူချန်ထားခဲ့တတ်သည်။ချန်ထားသူ၏ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သော်လည်း ကျန်ခဲ့ရသူ၏ခံစားချက်ကား ဤသို့ဖြစ်လေသည်။

      ကြီးရင့်လာသည့်အသက်အရွယ်နှင့်အတူ Rose ၏ ချစ်ခြင်းသည်လည်း မီးစာကုန်ဆီခန်းသည့်အချိန်ရောက်လာခဲ့သည်။Rose မှာငယ်တုန်းရွယ်တုန်း နောက်ထပ်အသစ်တွေ့လာနိုင်သည်။ထိုအခါ Rose ဘေးမှ ဇနီးမယားဟူသည့်ရပ်တည်မှုက ယိုင်နဲ့သွားနိုင်သည်။Rose မိမိအပေါ်သံယောဇဉ်ကုန်ခမ်းလာခဲ့သည်။

    လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာသည့်အလျောက် Rose နှင့်အတူ ချစ်စကားလေးများတီတာရမည့်အချိန်က နည်းလာသည်။ကလေးငယ်၏မျက်နှာအရိပ်အကဲကိုလိုက်ကြည့်တတ်သည့်သူမမှာမူ အတော်လေးနေမထိထိုင်မသာဖြစ်နေရလေသည်။သူမစိတ်ထဲ စိမ်းပင်စိုက်၍ စိမ်းရိပ်ကျနေသည်ဟုယူဆနေခဲ့ပြီးဖြစ်၍ တစ်နေ့သ၌ -

"ကိုကို"

"ဟင် အန်တီထား"

       Laptop ကိုစိတ်ဝင်တစားကြည့်ကာ အတူထိုင်နေသော်လည်း ဘေးကိုမကြည့်ဘဲ ထူးလိုက်သည်။အာရုံမထားသည့်အတွက် ၀မ်းနည်းသကဲ့သို့ခံစားရသော်လည်း ဖုံးဖိ၍ -

"အန်တီထားတို့ လမ်းခွဲကြမလား"

"ဟင်"

      ထိုစကားကြားမှ Rose မျက်လုံးနှင့်အာရုံများကသူမဆီတန်းရောက်လာကာ ဘေးချင်းကပ်ထိုင်နေသည်ဖြစ်၍ Rose သူမလက်လေးကိုလျင်မြန်စွာဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ့ပါးနှင့်ထိထားကာ -

My heart is you(Completed)Where stories live. Discover now