Episode - 13(Unicode)

7.5K 456 4
                                    

Episode - 13 🩺❤️

ညနေစောင်းကအဖြစ်အပျက်တချို့ကိုစိတ်ပျက်လက်ပျက်ဖြစ်ပြီး Roseအိပ်ခန်းထဲ၌ခွေနေလေသည်။အုပ်စိုး Proposeလုပ်မည်ကိုမိမိကြိုသိခဲ့လျှင် ထိုနေရာသို့သွားခဲ့မည်မဟုတ်။ယခုအခါ သူမကိုတမင်သက်သက်ခေါ်ပြသကဲ့သို့ဖြစ်သွားလေသည်။မရည်ရွယ်ပဲဖြစ်သွားသောအရာများအတွက် မိမိတို့ Sunday meetingလေးသည် နောက်အပတ်တွင်သေချာမှုမရှိသလောက်ပေ။

Roseထပ်၍စဉ်းစားမရသည်က မိမိသည်သူမစိတ်ဆိုးမည်ကိုအဘယ့်ကြောင့် အကြောက်ကြီးကြောက်နေရပါသနည်း။သူမကရော အဘယ့်ကြောင့် အုပ်စိုး proposeလုပ်လိုက်သည်နှင့်တပြိုင်နက် အမူအရာများချက်ချင်းပြောင်းလဲသွားသနည်း။သူမစိတ်ကိုမခန့်မှန်းနိုင်သော်လည်း မိမိဘာဖြစ်နေသည်ကိုတော့အတပ်သိနေသည်။

ဒီကိစ္စဟာဖြစ်သင့်သလားဟူ၍ မတွေးချင်။တွေးလည်းမိမိလိုချင်သောအဖြေမထွက်သည်ကိုသိသည်။ထို့ကြောင့်ငယ်သူမို့တစ်ကြိမ်တစ်ခါပဲမိုက်ရူးရဲဆန်လိုက်ချင်သည်။သူမအတွက်မိမိဘာကိုမရင်ဆိုင်ရဲစရာရှိပါသနည်း။တစ်လောကလုံးက လက်ညှိုးငေါက်ငေါက်ထိုး၍ကဲ့ရဲ့လျှင်တောင် မိမိသူမကိုကာကွယ်ပေးရင်း ချစ်ပေးချင်သည်။စောင့်ရှောက်ပေးချင်သည်။အနာဂတ်ခရီးလမ်းကိုအတူတူတွဲလျှောက်ချင်သည်။

ပြည့်ကျပ်နေသော Roseနှလုံးသားမှစကားသံများသည် အိုးတစ်လုံးတွင်ရေထည့်ကာ ရေနွေးတည်၍ ရေပွက်သည့်အခါတက်လာသော ရေပူစီဖောင်းများကဲ့သို့ အဆက်မပြတ်ထွက်ပေါ်နေသည်။Roseလည်း တစ်နေ့တစ်နေ့ အိပ်ခန်းထဲနှင့် ခြံထဲကဒန်းလေး၌သာ အချိန်ကုန်လာခဲ့သည်။ရက်အနည်းငယ်ကြာသောအခါ ညနေခင်းတစ်ခုတွင် Roseထံ messageတစ်စောင်၀င်လာခဲ့သည်။
Roseကြည့်လိုက်ရာ ယွန်းဆီကဖြစ်သည်။

" Roseစကားပြောစရာရှိတယ် VC"

Messageဖတ်ပြီး၍ Vcပြောရန်တိတ်ဆိတ်မည့်နေရာဖြစ်သောအခန်းဆီသို့သွားရန် ဒန်းပေါ်မှထသွားလေသည်။အခန်းထဲကစာကြည့်စားပွဲပေါ်မှ ဖုန်း standလေးတွင်ဖုန်းကိုညှပ်ကာ earphoneအနီ‌ရောင်လေးကိုတပ်လိုက်သည်။ထို့နောက် Facebook messengerထဲမှ Squad chat groupထဲသို့၀င်လိုက်ရာ ချက်ချင်းပင် ယွန်းက viedo calledစခေါ်ရာ ကျန်သော စည်သူ မိုးစက်စသည့်သူငယ်ချင်းများလည်းလာ joinကြသည်။

My heart is you(Completed)Where stories live. Discover now