Episode - 22(Unicode)

8.2K 439 6
                                    

Episode - 22🩺❤️

တစ်ညလုံးသူ့ကလေးသူ့ရင်ခွင်ကထွက်သွားတော့မည်ဟူသောအသိက အိပ်စက်ခြင်းကိုပဲ့ကြွေစေခဲ့သည်။ရက်စက်လှသောသူ့ကလေးလေး၏ စကားသံများ၊အကြည့်စူးစူးရဲရဲများက အိပ်မက်ဆိုးသဖွယ်ခြောက်လန့်နေသည်။ဝေးနေစဉ်ကာလအတွင်းဤမျှလောက်အမုန်းတရားကြီးထွားနေမည်ဟုမထင်ခဲ့မိ။နာနာကျည်းကျည်းမုန်းနေရခြင်းမှာလည်းမိမိလုပ်ရပ်ကြောင့်သာဖြစ်ပြီး ကလေးမှာအပြစ်မရှိပေ။

အချစ်ဟာအချစ်ပါပဲဆိုတဲ့အချက်ကိုသိဖို့လေးနှစ်တာအချိန်ယူခဲ့ရသည့် မိမိကိုယ်မိမိပဲအပြစ်တင်မိသည်။ကလေးငယ်ထင်နေသည်မှာ မိမိကသူ့ကိုလှည့်စား၍အပျော်သက်သက်ကစားခဲ့သည်ဟုထင်နေခဲ့သည်။ဒါဟာအပြစ်သာဆိုလျှင်မိမိမှာမြတ်နိုးခြင်းအပြစ်ပဲရှိပါသည်။ကလေးငယ်ကိုချစ်မြတ်နိုးခဲ့သည့်အပြစ်။ကလေးငယ်ကိုချစ်ရက်နဲ့စွန့်လွှတ်ရင်း ကလေးယုံအောင်မပြောနိုင်ခဲ့သည်မှာ မိမိတကယ်ချစ်ခဲ့ပါတယ်ဆိုတဲ့အမှန်တရား ~~~~~

အခုချိန်မှဒါတွေသွားပြောနေတော့ရောကလေးငယ်ကလက်ခံမတဲ့လား။လက်ခံဖို့ဝေးစွ မျက်နှာချင်းတောင်မဆိုင်သည်အထိ ခါးသီးနေသည်။တကယ်ဆိုကလေးလက်ကိုကိုင်ပြီး တစ်လောကလုံးအား ကလေးငယ်ကိုဂုဏ်သိက္ခာရှိရှိ ဘယ်သူ့ဝေဖန်ခြင်းကိုမှဂရုမစိုက်ပဲ ထုတ်ပြခဲ့သင့်သည်။ဒီအမှန်တရားကိုသိဖို့ ကလေးအသည်းကိုခွဲပြီး စိတ်ဒဏ်ရာတွေပေးခဲ့မိသည်။ကလေးငယ်နေရာမှာမိမိဆိုလျှင်လည်းနာကျည်းမိပေမည်။အပြစ်တင်စိတ်တို့နှင့်အိပ်ရာ၏ဝဲယာသို့လူးလှိမ့်နေခဲ့ရသောညတစ်ည •••••••

ဘေးခန်းမှ Roseတစ်ယောက်လည်းတစ်ညလုံးအိပ်မရခဲ့ပါ။တစ်စိတ်မှာမြန်မာနိုင်ငံကိုပြန်လာပြီးကတည်းက သူမအပေါ်ပြန်လည်လာသောစိတ်၊တစ်စိတ်မှာ သူမပေးခဲ့သည့်စိတ်ဒဏ်ရာများကြောင့် သူမကိုနာကျည်းနေသောစိတ်။စိတ်နှစ်စိတ်လွန်ဆွဲကာ သက်ပြင်းတို့ကိုအခါခါချမိသည်။သို့‌သော်လွမ်းစရာရှိလည်းနာစရာနဲ့ဖြေမည်ဟု စိတ်ကိုဆုံးဖြတ်ပြီး Travel bagထဲသို့ အ၀တ်အစားအသုံးအဆောင်တစ်ချို့ကောက်ထည့်လိုက်သည်။

My heart is you(Completed)Where stories live. Discover now