Episode - 15(Unicode)

7.9K 445 8
                                    

Episode - 15🩺❤️

ရက်လနာရီလေးများကြာမြင့်လာသောအခါ Sunday Meetingမှာ သူမအိမ်သို့ပြောင်းရွေ့သွားလေသည်။အကြောင်းမှာမိမိအိမ်ကိုတကူးတကလာနေရလျှင် သူမပင်ပန်းနေမည်စိုးသည့် Rose၏တောင်းဆိုမှုကြောင့်ပင်။သို့ဖြစ်၍ Roseကသာ သူမအိမ်သို့သွားလေ့ရှိသည်။

"အဖွား‌ရေ ဘိုမလေးရောက်ပြီ"

"မြေးလေးပါလား"

"သမီးရေ ဒီမှာဘိုမလေးရောက်နေပြီ"

"အင်း လာပြီလာပြီမေမေ"

မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေရင်း ကမန်းကတန်းထွက်လာ၍ မျက်နှာတွင်အိုးမဲပေနေသည်ကိုသတိမထားမိပဲ ဧည့်ခန်းထဲကို အေပရွန်လေး၀တ်လျက်ထွက်လာသည်။Roseကသူမကိုကြည့်လိုက်စဉ်တွင် ပါးပေါ်က အိုးမဲရာလေးကိုတွေ့သွားကာ ခပ်ပြုံးပြုံးလေးဖြစ်သွားလေသည်။သူ့အတွက်ဒီလောက်ကြိုးစားချက်ပြုတ်နေရသလားဟူသော အပြုံးလေး ~~~~~

" ကလေးရောက်လာပြီလား ဟင်းချက်နေတာမပြီးသေးဘူး ခဏစောင့်ဦး"

"ရပါတယ် ဒေါက်တာရယ်"

"ဧည်သည်ကြီးလုပ်လို့"

"အဖွားသမီးမီးဖိုခန်းထဲလိုက်သွားဦးမယ်နော် ဒေါက်တာနဲ့"

"ကောင်းပါပြီတော်"

Roseမီးဖိုခန်းထဲသို့၀င်လိုက်ကာ နောက်ကျောဘက်မှသူမပုခုံးလေးနှစ်ဖက်ကိုကိုင်လိုက်ပြီး -

"ဒီဘက်လှည့်"

"ဘာလုပ်မလို့လဲ"

"လှည့်မှာသာလှည့်စမ်းပါ ဒေါက်တာရာ"

"အင်းလှည့်ပြီ ဘာလဲ"
(မျက်နှာချင်းဆိုင်အနေအထားသို့ရောက်သွားကာ)

"ဒီမယ်လေ အိုးမဲတွေပါးမှာပေနေတာမသိဘူးလား"
(လက်ထဲက လက်ကိုင်ပဝါလေးကိုထုတ်ကာ သုတ်ပေးလျက်)

"ဟင်ဟုတ်လား မသိလိုက်ဖူးဒေါက်တာလည်း"

"အိုးမဲနဲ့တော်တော်ရုပ်ဆိုးနေလားဟင်"

"မဆိုးပါဘူး လှတုန်းပဲ"

"သွား အပိုတွေ"

"မသွားပါဘူး ခုမှရောက်တာ"

My heart is you(Completed)Where stories live. Discover now