Episode - 23(Unicode)

9.3K 445 4
                                    

Episode - 23🩺❤️

လေယာဉ်ကွင်းမှ Taxiဌားကာ အိမ်သို့အပြန်လမ်းတွင် Roseတစ်စုံတစ်ယောက်အားဖုန်းခေါ်နေလေသည်။ထိုသူမှာ Switzerlandမှအဒေါ်ဖြစ်သူအန်တီနီလာကိုပင်။ဖုန်း၀င်သွားသောအခါ -

"ဟယ်လို အန်တီနီလာလား"

"ဟုတ်တယ် သမီး Rose"

"အန်တီနီလာ...... ကတိကိုသံယောဇဉ်ကနိုင်သွားပြီ"

"ဪ..... အန်တီနီလာသမီးပြန်သွားခဲ့ကတည်းက တစ်နေ့ဒီလိုဖြစ်လာလိမ့်မယ်ထင်ခဲ့ပါတယ်"

"အခုလေဆိပ်ကနေသူ့ဆီသွားနေတာ အန်တီနီလာ"

"သမီး မှားလား"

"မှားစရာလား Roseလေးရယ် သမီးမှန်တယ်"

"Switzerlandမှာ ပျော်ရွှင်မှုမရှိပဲ လူသာရှိနေတာထက်စာရင် မေတ္တာတရားနဲ့နီးတဲ့နေရာကိုရွေးတာ သမီးမှန်တယ်"

"အန်တီနီလာတို့ကိုဘာမှအားမနာနဲ့"

"မမ Rubyကိုအန်တီပဲပြောပြလိုက်မယ်"

"တစ်ခါတစ်ရံသတိရရင်တော့ ဆိုင်သူလေးနဲ့လာလည်ပေါ့ ဟုတ်ပြီလား"

"ကျေးဇူးပါအန်တီနီလာရယ်"

"ရပါတယ်ငါ့တူမလေးအချစ်တွေတစ်ဖန်ပြန်မွေးဖွားလာတာကိုပဲ အန်တီနီလာ၀မ်းသာတယ်"

"ဟုတ်ဒါဆိုဖုန်းချလိုက်တော့မယ်နော်"

"အိမ်ရောက်ခါနီးလို့"

"Good luck သမီးလေး"

"ဟုတ်"

Taxiကိုအိမ်ရှေ့တွင်ရပ်ခိုင်းပြီး Travel bagကိုမနိုင်မနင်းဆွဲကာ အိမ်ထဲသို့၀င်လာခဲ့ပြီး Travel bagကိုအိမ်ပေါက်၀၌ချကာစီးထားသည့်ဒေါက်ဖိနပ်လေးကိုချွတ်လျက် ဧည့်ခန်းအတွင်းသို့၀င်ကာ -

"အန်တီထား"

"အန်တီထား Roseပြန်လာပြီ"

"အန်တီထားအိမ်အပေါ်ထပ်မှာလား"

"Roseတက်လာမယ်နော်"

ပြောပြောဆိုဆိုတက်ချသွားပြီး သူမအခန်းတံခါးကိုဖွင့်လိုက်သောအခါသူမကိုမတွေ့ပဲ ဒေါက်တာကြည်သာဦးကိုသာတွေ့ရလေသည်။စာရွက်တစ်ရွက်ကိုကိုင်ကာဒေါက်တာကြည်သာဦးမှာခေါင်းငိုက်စိုက်ကျနေသည်။Rose၀င်လာသောအခါ ဒေါက်တာကြည်သာဦးမှာ ကြေကွဲစို့နင့်သောအပြုံးတို့ဖြင့် -

My heart is you(Completed)Where stories live. Discover now