Episode - 21(Unicode)

7.8K 450 0
                                    

Episode - 21 🩺❤️

"အန်တီ Ruby Rose မြန်မာပြည်ကိုခဏပြန်ရမယ်"

"ဟင် ဘာလို့လဲသမီးရယ်အန်တီRubyတို့အိမ်မှာဘာအဆင်မပြေတာရှိလို့လဲပြောလေ အန်တီကူညီပေးမှာပေါ့"

"အဲ့လိုမဟုတ်ပါဘူး အန်တီရယ် အကုန်အဆင်ပြေပါတယ် ပြေတာထက်ကိုလွန်နေပါတယ်အိမ်သားအားလုံးက သမီးအပေါ်မိသားစုအရင်းလိုဆက်ဆံလို့သမီးနွေးထွေးမှုအပြည့်ခံစားရပါတယ်"

"အခုက ရန်ကုန်မှာကျန်ခဲ့တဲ့ ဦးငယ်ကား accidentဖြစ်ပြီးဆုံးသွားတယ်လို့အရင်အပတ်လောက်က မြန်မာနိုင်ငံက Mailရောက်လာတယ်"

"ပြီးတော့ Companyကလည်းဦးငယ်ကြောင့်တော်တော်အခြေအနေဆိုးနေတယ်လို့ပြောတယ် ပြီးတော့ဦးငယ်ရဲ့အမျိုးသမီးကလည်းဟိုမှာတစ်ယောက်တည်းမလုပ်တတ်မကိုင်တတ်မို့ Roseခဏတော့ပြန်ရမယ် အန်တီ Ruby"

"အင်း ဒီလိုဆိုရင်တော့အန်တီ Rubyမတားတော့ပါဘူး ဒါနဲ့အလုပ်ကရော "

"သမီးအထက်လူကြီးကို ခွင့်တင်ခဲ့ပါတယ်တစ်လ အထက်လူကြီးနဲ့သမီးနဲ့ခင်နေတာရယ် သမီးရဲ့လုပ်ပုံကိုင်ပုံကိုင်ပုံကိုသဘောကျတာရယ်ကြောင့် ခွင့်တစ်လပေးပါတယ် တကယ်လို့တစ်လနေလို့မှပြန်မလာရင်တော့အလုပ်ပြုတ်မှာပေါ့"

"အင်းလေ အကြောင်းတရားတွေခိုင်လုံနေမှတော့သွားပေါ့သမီးရယ် ဒါပေမယ့် အန်တီ Rubyတို့ဆီတော့ပြန်လာမယ်မလားဟင်"

"ပြန်လာမှာပေါ့ အန်တီRubyတို့က Roseမိသားစုပါ မြန်မာပြည်မှာ Roseသွေးသားရင်းချာမှမရှိတော့တာ ဒါကြောင့်ပြန်လာမှာပါဒီကို"

"သမီး"

"ရှင်အန်တီနီလာ"

"ကတိကိုလွယ်လွယ်မပေးနဲ့နော် သွေးကရေထက်ပျစ်တယ်ဆိုပေမယ့် သံယောဇဉ်က ကတိထက်ပိုခိုင်မာတယ်"

"ဘာကိုပဲလုပ်လုပ် ဦးနှောက်ကိုချည်းဦးစားမ‌ပေးပါနဲ့ကွယ် ဦးနှောက်ဟာ ကိန်းဂဏန်းတစ်ချို့ကိုပဲဖြေရှင်းပေးနိုင်တာ စိတ်ဒဏ်ရာကိုတော့ဖြေရှင်းလို့မရဘူးသမီး"

"အန်တီနီလာပြောတာ Roseသဘောပေါက်ပါတယ်"

"အေးဒါဆိုလေယာဉ်လက်မှတ်ကိစ္စအန်တီနီလာပဲပြင်ဆင်ထားလိုက်မယ်"

My heart is you(Completed)Where stories live. Discover now