Episode - 18(Unicode)

7.3K 436 6
                                    

Episode - 18 🩺❤️

လက်ထပ်ဖို့တွန်းအားပေးမိခဲ့သည့်သူမကိုယ်တိုင်လည်း ဒီလက်ထပ်ပွဲအတွက်မပျော်ခဲ့။ပတ်၀န်းကျင်ကိုရင်မဆိုင်ရဲသည့်စိတ်သက်သက်ဖြင့်သာ သင့်တော်မည်ဟုထင်သောအရာကိုရွေးချယ်ခဲ့လေသည်။မေမေရောစိတ်ချမ်းသာပြီး ကလေးငယ်၏အနာဂတ်လည်းဖြောင့်ဖြူးမည်ဟုတွေးကာ လျှောက်ခဲ့သောလမ်းသည် နှလုံးသွေးစက်တို့ဖြင့်ခင်းခဲ့ရလေသည်။

မင်္ဂလာပွဲအတွက်စီစဉ်နေရ၍ အနီးကပ်နေသောဦးငယ်ပင် Roseအကြံအစည်ကိုမသိခဲ့။Roseကလည်းအမူအရာပိရိလှသည်။တစ်နေ့ပဲပတ်ကြမ်းတိုက်ပြီး နောက်ရက်များတွင်သူမဟုတ်သလိုပဲ စားစားသောက်သောက်သွားသွားလာလာပင်။

သူမသည်အလုပ်သာတက်နေသည် စိတ်ကသူ့ကလေးဆီအမြဲရောက်နေသည်။သူ့ကလေးငယ်၏ အကြည့်စူးစူးများက ဆူးတစ်ချောင်းနှင့် နှလုံးသားကိုအကြိမ်ကြိမ်ထိုးသကဲ့သို့ခံစားရသည်။ဒေါသမီးတောက်နေသည့်မျက်လုံးများက နှလုံးသားကိုမီးမြိုက်နေသကဲ့သို့ခံစားနေရသော်လည်း ကြိတ်မှတ်မြိုသိပ်ရပေမည်။မကြာခင်ကလေးကတူမလေးဖြစ်လာတော့မည်။တူမလိုပဲဆက်ဆံနိုင်အောင်ကြိုးစားရမည်။ဖြစ်ခဲ့သမျှ အတိတ်အကြောင်းအားလုံးကိုမေ့ကာ ဘ၀ကိုဆက်လျှောက်ရမည်။

သူမမေမေထံ၌ သတို့သမီးတောင်းရမ်းခြင်းကိစ္စများပြီးသောအခါ Roseတို့အိမ်၌ မင်္ဂလာဆွမ်းကျွေးကိုပြုလုပ်လေသည်။Roseတစ်ယောက်မှာ အပေါ်ထပ်တွင်လူသံသူသံများဆူနေသော်လည်း တံခါးအပြင်ဘက်ကိုမထွက်ခဲ့ပေ။မင်္ဂလာမောင်နှံမှာ လာသမျှနှစ်ဖက်ဆွေမျိုးမိတ်သင်္ဂဟများကို ဧည့်ခံနေကြလေသည်။ဦးမောင်မောင်သည် သူ့တူမမရှိသည်ကိုသိ၍ သူမအား -

" ထိပ်ထား Roseကိုတွေ့မိလား"

"မတွေ့မိပါဘူးကိုမောင်"
(အားပျက်နေသောလေသံဖြင့်)

"ဒါဆိုကိုမောင်သွားခေါ်ဦးမယ်"

"နေနေ ကိုမောင် ထိပ်ထားပဲသွားခေါ်လိုက်မယ်"

"ဒါဆိုထိပ်ထားပဲ သွားခေါ်လိုက်ပါ"

သူ့ခလေးမျက်နှာကိုမမြင်ရသည်မှာ တစ်လ‌လောက်ပင်ရှိနေ၍ ခလေးကိုတွေ့ချင်၍ သူပဲသွားခေါ်လိုက်မည်ဟုအာမခံလိုက်ခြင်းပင်။အခန်းကိုဖွင့်ကာ၀င်သွားရာ အနီတောက်တောက် မြန်မာ၀တ်စုံ၀မ်းဆက်ကို၀တ်ထားပြီး ဆံပင်ကိုအသေအချာထုံးဖွဲ့ကာ ကုတင်ပေါ်တွင်နောက်ကျောပေးထိုင်နေပုံကကြက်သီးပင်ထစရာကောင်းသည်။သူမကလေးငယ်အနားသို့ရောက်သွားပြီး -

My heart is you(Completed)Where stories live. Discover now