Episode - 6(Unicode)

8.9K 572 0
                                    

Episode - 6 🩺❤️

" Morning ဦးငယ်"

"ဟ ဒီကောင်မလေးကျားသားမိုးကြိုးစောစောထလို့ပါလား"

"ဦးငယ်ကလည်းပြောတော့မယ်"

ဟုဆိုကာ မနက်စာစားရန်ခုံတွင်ဝင်ထိုင်လိုက်သည်။မရှေးမနှောင်းပင်သူမရောက်လာပြီး -

"ကိုမောင် ဆရာခေါ်ပေတော့"

"ဟာ ခေါ်ပါ့မယ်ဗျာ "

"ဆရာ ဆရာ ဆရာ"

"ကျေနပ်လား"

"ဒါပေါ့"

အပြန်အလှန်ပြောစကားများကိုနားမလည်သော Roseက -

"ဦးငယ်နဲ့ဒေါက်တာဘာတွေပြောနေတာလဲ"

"Roseလိုက်မမှီတော့ဘူး"

"ဪဒီလိုသမီးရဲ့ သမီးဦးငယ်ကဒေါက်တာ့ကိုသမီးကိုနှိုးလို့ရခဲ့ရင်ဆရာခေါ်မယ်လို့ကတိပေးထားတယ်လေ"

"ဪ ဒီလိုလား"

"မသိပါဘူး ဆရာတွေတပည့်တွေဆိုတော့ High schoolပြန်ရောက်သွားသလိုပဲ"

ဟူ၍ပြောရင်း အသင့်ပြင်ထားသောကော်ဖီနဲ့ကိတ်မုန့်ကိုစားနေလေသည်။သူမလည်း၀င်ထိုင်ရန်ပြင်လိုက်စဉ် -

"ထိပ်ထားလာ ဒီမှာလာထိုင်"

ဟုဆိုကာသူ့ဘေးကခုံမှာ ဦးငယ်ကထိုင်စေသည်။Roseလည်းမုန့်ကိုစားနေရင်း ဦးငယ်နှင့်ဒေါက်တာ့အ‌ခြေအနေကိုမသိမသာအကဲခတ်နေသည်။သမီးရည်းစားလို့အမည်တပ်ရအောင်လည်း သာမန်ဆက်ဆံရေးသာသာ။သို့သော်ဦးငယ်က ဒေါက်တာ့ကိုဂရုစိုက်နေလွန်းပြီး ဒေါက်တာကလည်းဦးငယ့်စကားဆိုတရိုတသေနားထောင်တတ်သည်။ဘာတွေမှန်းမသိတော့ ••••••

မုန့်စားပြီး Roseအပေါ်ထပ်သို့ပြန်တက်သွားကာအခန်းထဲ၌ဖုန်းကိုဖွင့်ရင်းဆော့နေကျ Online gameကိုဖွင့်ဆော့နေလိုက်သည်။စားပွဲတွင်ကျန်ခဲ့သောသူမက -

"ကဲကိုမောင်ရေ သမီးလေးအပေါ်တက်သွားပြီ"

"လိုက်သွားလိုက်ဉီးမယ်"

"ကောင်းပြီ"

သူမသည်Roseအခန်းထဲသို့၀င်သွားရာ ဂိမ်းကိုသဲသဲမဲမဲနှိပ်နေသော Roseအားမြင်သွားပြီး Roseဂိမ်းဆော့နေရာအိပ်ရာလေးပေါ်သို့၀င်ထိုင်လိုက်သည်။Roseမှာဂိမ်းထဲအာရုံရောက်နေ၍ သူမ၀င်လာသည်ကိုမသိပေ။ပါးစပ်မှလည်းပွစိပွစိနှင့်ပြောနေလေသည်။

My heart is you(Completed)Where stories live. Discover now