Episode - 5(Unicode)

9.5K 598 0
                                    

Episode - 5 🩺❤️

Roseမှာအချုပ်ကလွတ်လာပြီးကတည်းက အိမ်မှာအကျယ်ချုပ်ကျနေပြီး အိမ်ထဲကအိမ်ပြင်မထွက်ရတော့ပေ။နေ့တိုင်းအပြင်ထွက်လည်ပတ်စားသောက်နေသူမှာ အိမ်ထဲမှာခြေချုပ်မိနေပြီး ကြောင်စီစီဖြစ်နေတော့သည်။

Roseသည် တစ်နေကုန် ဖုန်းနှင့်ဂိမ်းဆော့လိုက် အိပ်လိုက်စားလိုက်နှင့်သာတစ်ပတ်တာကိုကုန်ဆုံးခဲ့သည်။ပျင်းသည့်အခါသူငယ်ချင်းအုပ်စုဆီဖုန်းဆက်အာလူးဖုတ်ရင်း အပျင်းဖြေနေရလေသည်။ဘ၀မှာဤကဲ့သို့ပျင်းခြောက်ခြောက်နေရလိမ့်မည်ဟု Roseမထင်ထား၍ အကျယ်ချုပ်ကျနေခြင်းကိုနေသားမကျသော်လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဦးလေးကိုပြန်၍စောဒကမတက်ခဲ့ပေ။

Sundayသို့ရောက်သောအခါ သူမသည်Roseတို့အိမ်ကိုမနက်အစောကြီးပေါက်ချလာခဲ့လေသည်။သူမလာသောအခါ ခြံထဲကဒန်းပေါ်တွင် ဦးမောင်မောင်မှာသတင်းစာဖတ်နေတုန်းပင်ရှိနေသေးသည်။သူမသည်ခြံထဲသို့ကားမောင်း၀င်လာကာ ကားစက်ကိုအရှိန်သက်ကာရပ်လိုက်ပြီး ကားပေါ်မှဆင်းလာသည်။

"Morning ကိုမောင်"

"Morning ထိပ်ထား"

"စောလှချည်လား မနက်၇နာရီရှိသေးတယ်"

"တမင်စောစောလာတာ ဒါနဲ့ကိုမောင့်တူမလေးရော"

"ဟား ဟား အိမ်ကပေါက်ကျော်မလား"

"ဒီအချိန်ဆိုသူကအိပ်မက်မက်လို့ကောင်းတုန်း"

"ထိပ်ထားသွားနှိုးလို့ရမလား"

"သွားနှိုးချည်ပါဗျာ ထလိုက်လာရင်ထိပ်ထားကိုဆရာလို့ခေါ်လိုက်မယ်"

"ဒီကောင်မလေးကဘယ်သူနှိုးနှိုးထတာမဟုတ်ဖူး သူအိပ်ရေး၀မှထတာ မနက်စာနဲ့နေ့လည်စာပေါင်းစားတဲ့ကောင်မလေး"

"နှိုးချင်သပါ့ဆိုထိပ်ထားသဘော"

"ရပါတယ်ကိုမောင် ထိပ်ထားကိုယုံတယ်မလား"

"ထိပ်ထားကိုတော့ယုံပြီးသားပါ အိမ်ကပေါက်ကျော်မကိုသာမယုံတာ"
(ရယ်လျက်)

"အိုကေ ဆရာခေါ်ဖို့ပြင်ထားကိုမောင် သွားပြီကိုမောင်ရေ"

"ကောင်းပါပြီတဲ့ဗျာ"

My heart is you(Completed)Where stories live. Discover now