Episode - 19(Unicode)

7.2K 428 6
                                    

Episode - 19 🩺❤️

Switzerlandအိမ်သို့ Roseရောက်လာသောအခါ ကိုယ့်မြေကိုယ့်ရေမဟုတ်၍ အစိမ်းသက်သက်ဖြစ်နေသော်လည်း ဒေါ်လေးRubyတို့မိသားစု၏နွေးထွေးပျုဌာမှုကြောင့် နေသားကျဖို့အချိန်သိပ်မယူခဲ့ရပါ။ဒေါ်လေး Rubyတို့မိသားစုမှာ ဒေါ်လေး Ruby၊ဒေါ်လေး နီလာ၊ဒေါ်လေး Ruby၏တစ်ဦးတည်းသောသား ကိုသက်မိုး၊ကိုသက်မိုး၏ ဇနီး မလဲ့လဲ့ ပြီးလျှင် ကိုသက်မိုးနှင့်မလဲ့တို့၏ သမီးလေး ငါးနှစ်အရွယ် မေသက်ထားတို့ဖြစ်သည်။

မြန်မာပြည်ကတည်းကတစ်ကောင်ကြွက်ဘ၀နှင့်ကြီးပြင်းခဲ့ရသော Roseအဖို့ မိသားစုဟူ‌သောအသိုက်အမြုံလေးကို တိုင်းတစ်ပါးသို့ရောက်မှထိတွေ့ခွင့်ရသည်။မိသားစု၀င်များကလည်း Roseကိုချစ်ကြသည်။ကလေးပေါက်စလေး‌ဖြစ်သည့် ထားထားကတော့ အသဲဆုံးပင်။Roseရောက်ကတည်းက ပတ်ချွဲနပ်ချွဲနှင့်လိုက်ကပ်နေတတ်သည်။စိတ်ဒဏ်ရာများစွာကိုထွေးပိုက်ရင်းပြည်ပသို့ရှောင်ပြေးခဲ့ရသော Roseအဖို့ အာရုံအားလုံးကိုအလုပ်နှင့် ဒေါ်လေးRubyတို့ဆီ၌ထား၍ အကောင်းဆုံးကုသနေသည်။

Roseသည် ဒေါ်လေးနီလာအကူအညီဖြင့် Luxury watchesများထုတ်လုပ်သော Company၌ အလုပ်၀င်ခဲ့သည်။Roseသည် သူမအဖေရှိစဉ်က ကိုယ်တိုင်မသင်ချင်သော်လည်း အဖေ့ဆန္ဒကြောင့်သင်ခဲ့ရသော German, French, Italian languageများက သင်ကြားပြီး၍ အလုပ်၀င်သည့်နေရာ၌လည်းအခက်အခဲမရှိပဲ အလွယ်တကူအလုပ်၀င်နိုင်သည်။

အလုပ်သွားအလုပ်ပြန်နှင့်အိမ်ကိုတောင်ပြန်မဆက်သွယ်နိုင်‌ခဲ့ပေ။Rose သုံးလလောက်ကြာမှ သူငယ်ချင်း မိုးစက်၏ဖုန်းနံပါတ်ကိုသာအလွတ်ရထား၍ ပြည်ပမှဖုန်းခေါ်လိုက်ရာ -

"ဟယ်လို ဘယ်သူလဲရှင့်"
(ပြည်ပမှဖုန်းခေါ်၍ ဖုန်းစိမ်းမို့မေးလိုက်သော မိုးစက်)

"ငါ ငါ Rose"

"ဟာ Rose Rose နင်ငါ့ဆီဖုန်းဆက်တယ်"
(ငိုသံပါကြီးနှင့်)

"ဆက်ရမှာပေါ့ငါ့အချစ်ဆုံးသူငယ်ချင်းလေးကို"

"နင်ငါတို့ကိုပါအဆက်ဖြတ်သွားသလားလို့ငါတို့၀မ်းနည်းနေတာ နင်ထွက်သွားပြီးသုံးလကြာမှပဲငါ့ကိုဆက်သွယ်တော့တယ်"

My heart is you(Completed)Where stories live. Discover now