Episode - 24(Unicode)

17.7K 674 40
                                    

Episode - 24 🩺❤️

          Rose သည် Switzerlandသို့မပြန်ပဲ သူ့ဖေဖေရှိစဉ်ကRoseနာမည်နှင့်၀ယ်ပေးထားသော ပြင်ဦးလွင်မှခြံတွင်  တစ်ယောက်သူနှင့်အတူသွားရောက်နေထိုင်သည်။စီးပွားရေးအနေဖြင့် Roseတို့သည် ပြင်ဦးလွင်ရွာလေးတစ်ရွာတွင် ဧကများစွာကျယ်သောမြေကွက်ကြီးတွင် ပန်းများ၊စတော်ဘယ်ရီသီးများစိုက်ကာ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းခဲ့သည်။ရန်ကုန်တွင်အလုပ်လုပ်လျှင်လည်းရသော်လည်း သူမအနားမှမခွဲပဲအတူတူလုပ်နိုင်မည့်အလုပ်ကိုတမင်ရွေးချယ်ကာ ပြင်ဦးလွင်၌အခြေချခဲ့လေသည်။

         Rose တို့နှစ်ယောက်မှာဘယ်လောက်ထိမခွဲနိုင်ကြသလဲဆိုရင်တော့ဖြင့် Rose ခြံထဲသွားလျှင်လည်းသူမကလိုက်သည်။လုပ်ငန်းရှင်များနှင့်အလုပ်စကားပြောလျှင်လည်းသူမပါစမြဲပင်။Roseကလည်းဘယ်နေရာကိုမဆို သူ့အန်တီထားပါမှသွားတတ်သည်။၂၁ရာစု၌ အကဲဆုံးအတွဲဆိုလျှင်လည်းမှားမည်မထင်....

"ကိုကို အလုပ်သွားတော့မှာလား"

"ဟုတ်အန်တီထား"

"အန်တီထားအဆင်သင့်ဖြစ်ပြီနော်"

"ဟုတ်ပါပြီ အိမ်သူသက်ထားလေးရယ်"
(Roseကသူမမေးစေ့လေးကိုကိုင်ကာဆိုလိုက်သည်)

"လာ Roseလက်ကိုကိုင်"

"ဘာလုပ်မလို့လဲ"

"ဟဲ့ ဟဲ့ ဪ ဒီကလေးနဲ့"

(ဆွေ့ကနဲသူ့အန်တီထားကိုကောက်ချီလိုက်သည်)

"ချပါအောက်ကို"

"မချပါဘူး အိမ်သူသက်ထားလေးကိုမြေကြီးနဲ့ထိမှာစိုးလို့ မ သွားမှာ"

" ပြုတ်ကျမှအရိုးတွေကျိုးကုန်မယ် အန်တီထားက ၄၀ဆယ်ကျော်ပြီနော် အရိုးကကျိုးရင်လွယ်လွယ်နဲ့မဆက်ဖူး"

"စိတ်ချပြုတ်မကျစေရဘူး"

"ဖြစ်နိုင်ရင် တိမ်တွေပေါ်မှာထားလိုက်မှာ မြေကြီးပေါ်မဆင်းရအောင် နတ်သမီးလေးလို"

"ဟာ ဟုတ်လှချည်လား ဒီလောက်ချိုသာနေပုံထောက်ရင် ဘာလိုချင်လို့လဲ အန်တီထားဆီက"

"အချစ် အချစ်"
(သူမခန္ဓာကိုယ်လေးကိုချီထားရင်း သူမပါးလေးကိုနမ်းလိုက်သည်)

My heart is you(Completed)Where stories live. Discover now