Episode - 3(Unicode)

10.3K 591 3
                                    

Episode - 3🩺❤️

Roseထွက်သွားသည်ကိုငေးကြည့်နေသောသူမအား ဦးမောင်မောင်က စကားလှမ်းပြောလိုက်၍ သူမအာရုံမှာ ဦးမောင်မောင်ထံပြန်လှည့်လိုက်ကာ -

"ဟုတ်ကဲ့ ကိုမောင်ပြောပါ"

"ကိုမောင့်တူမကတော့ ထိပ်ထားမြင်တဲ့အတိုင်း သောင်ပြင်မှာလွတ်နေတဲ့ဟင်္သာလိုဖြစ်နေပြီ "

"ကိုမောင်လည်းမထိန်းတတ်တော့ပါဘူးကွာ"

"ဪကိုမောင်ရယ် သမီးလေးက မလွယ်ကြောလေးဆိုပေမယ့်တအားကြီးဆိုးမယ်လို့ထိပ်ထားမထင်မိပါဘူး"

"ဒါဆိုဟိုနေ့ကစားသောက်ဆိုင်မှာဆုံတုန်းက ကိုမောင်ပြောတဲ့ကိစ္စလက်ခံတယ်ပေါ့နော်"

" Roseကို မိန်းမကောင်းလေးဖြစ်လာအောင်ဆုံးမသွန်သင်ပေးမယ်ဆိုတာလေ"

"အင်းဟုတ်တယ်ကိုမောင် ဟိုနေ့ကပြုပြင်ပေးနိုင်မယ်မပေးနိုင်ဘူးဆိုတာမဆုံးဖြတ်ရသေးဘူး"

"ဒီနေ့ Rose လေးကိုတွေ့လိုက်ရတော့ ဘာလို့မှန်းမသိဘူး ဒီကလေးလေးကိုပြုပြင်ပေးချင်စိတ်ပေါ်လာလို့ပါ"

" Roseက တော်တော်လေးကို ပြုပြင်ပေးရမယ်ကိုမောင်"

"အဲ့တာတော့ဟုတ်တယ်ထိပ်ထား သူ့အမေကလည်းသူလူမမယ်အရွယ်ကလေးကတည်းကဆုံးသွားတယ် နောက်ပြီး သူ့အဖေဆုံးသွားတာပဲလပိုင်းလောက်ပဲရှိသေးတယ်"

"အဖေရှိစဉ်အခါကလည်း သူ့ကိုမိတဆိုးလေးဆိုပြီးအလိုလိုက်တော့ ခုထိဆိုးချင်တိုင်းဆိုးနေတာ"

"သူ့အဖေရှိစဉ်ကဒီလောက်မဆိုးသေးဘူး တစ်နေကုန်လည်ပတ်ပြီးညနေဆိုပြန်လာတယ်"

"အခုဆိုညဘက်နောက်ကျမှပြန်လာတယ် ပြန်လာရင်အရက်နံ့ကမွှန်ထူနေတာပဲ"

"ကိုမောင်တော့ ကိုမောင့်တူမကိုတကယ်ဆလံပေးထားရတယ်ကွာ"

"ဟုတ်ပါပြီ ဒါနဲ့ Roseက ဘွဲ့ရထားတယ်လို့ဟိုနေ့ကကိုမောင်ပြောလို့ဘာဘွဲ့လဲ"

"Ecoနဲ့ပြီးတာလေကျောင်းကို"

"သူ့အဖေကသူ့ companyကိုခေါ်တာကျောင်းပြီးကတည်းက ခုထိဟိုအကြောင်းပြဒီအကြောင်းပြနဲ့အလုပ်လက်မဲ့လုပ်နေတာ"

My heart is you(Completed)Where stories live. Discover now