Episode - 16(Unicode)

7.4K 439 5
                                    

Episode - 16🩺❤️

တစ်ညလုံးနှစ်ခြိုက်စွာအိပ်ပျော်၍ Roseမှာသူမနှိုးမှထတော့သည်။သူမသည် Roseထက်အရင်နိုးကာ သူ့ကလေးငယ်အိပ်နေသည့်ပုံလေးကို ငေးကြည့်ရင်း ကလေးငယ်လေး၏ ပါးလေးသို့ Morning kissလေးပေးလိုက်သည်။ထို့နောက် Rose ဆံပင်လေးကိုသပ်ကာ -

" ကိုကို ထတော့"

"အင်း....အဲ ဝှိုင်း"
(ပျင်းကြောဆွဲကာ အသံမျိုးစုံထွက်နေသော Rose)

"ထတော့ဆို မနက်၅နာရီထိုးနေပြီ အန်တီထား ၈နာရီဆိုရုံးတက်ရမှာ ဒီလောက်ထမှအတော်ပဲ"

"ဟယ် ဟုတ်ပါရဲ့ Rose အန်တီထားကို ဆေးရုံကိုလိုက်ပို့ရမှာပဲ"

(အတင်းကုန်းရုန်းထလျက်)

"လာမျက်နှာသစ်မယ်တူတူ"

"ဟုတ်အန်တီထား"

သူမနှင့်အတူ ရေချိုးခန်းထဲတွင် အတူတူသွားတိုက်ကြရာ ချစ်ရသူနှင့်မနက်ခင်းအတူတူနိုးထရသော feelingလေးကို လွန်စွာသဘောကျလှသည်။Rose ရောသူမပါမျက်နှာသစ်သွားတိုက်ပြီး၍ မျက်နှာသုတ်ရန်ထွက်လာခဲ့သည်။Roseမှာတပတ်ယူမလာ၍ တိုင်ပတ်နေသဖြင့် -

"အန်တီထား တပတ်လေးတစ်ထည်လောက်ဌားပါလား"

"Roseယူမလာခဲ့မိလို့"

"Roseမရွံတတ်ဖူးမလား"

"ဟုတ်"

"အဲ့တာဆိုဒီကိုလာခဲ့"

သူမမျက်နှာသုတ်နေရင်းခေါ်၍ ရေစိုနေသောမျက်နှာလေးနှင့်အနားသို့တိုးသွားရာ သူမသုတ်ထားသောတပတ်လေးနှင့်Roseမျက်နှာမှရေစက်လေးများကိုသုတ်ပေးလေတော့သည်။Roseစိတ်ထဲတွင် ရွံဖို့ဝေးစွ မျက်နှာသုတ်မပြီးဖို့အရေးဆုတောင်းနေမိသည်။သူချစ်ရသူသုတ်ထားသည့်မျက်နှာသုတ်ပဝါလေးကိုအတူသုံးခွင့်ရ၍ဖြစ်သည်။

မျက်နှာသုတ်ပြီးသောအခါ Breakfastစားရန်နှစ်ယောက်သားအောက်သို့ဆင်းလာခဲ့သည်။သူမသည်မီးဖိုခန်းတွင် Breakfastအတွက် နွားနို့ပူပူလေးကိုကြိုချက်နေလေသည်။Roseက ဘေးမှဆရာကြီးလုပ်ပြီး ဟိုလျှောက်မေး ဒီလျှောက်မေးလုပ်နေလေသည်။ခဏအကြာ ဒေါက်တာကြည်သာဦး၀င်လာပြီး -

My heart is you(Completed)Where stories live. Discover now