Ep - 3

242 59 2
                                    

စက်ဘီးလေးက မြေနီလမ်းပေါ် တရွေ့ရွေ့ နှင်သည်။ ကယ်ရီယာခုံမှာ မေရီ့ကို ထိုင်စေပြီး ပိုင်ပိုင်က တင်နင်းသည်။ မြန်မာဆန်ဆန် မေရီက အပွင့်နုပ်ထဘီ နက်ပြာကို ရင်ဖုံးအင်္ကျီလက်တိုနဲ့ တွဲဖက်ကာ လှပ ကြာ့ရှင်းစွာ ဝတ်ဆင်ထားပြီး သနပ်ခါး ပါးကွက်လေး လိမ်းကျံထားသည်။ ကျောလယ်လောက်ရှိ ဆံနွယ်ရှည်ကို ခရမ်းရင့်ရောင် ဖဲကြိုးတစ်ခုနဲ့ ချည်နှောင်ထားသည်။

" ကလင် ကလင် "

" ကလင် ကလင် "

ဘဲလ်တီးသံက ဆက်တိုက်။ မေရီတို့ နောက်က လိုက်လာသည့် စက်ဘီးတစ်စီးက ဘေးတိုက် ယှဉ်ရင်း အကြည့်တို့ ရစ်သီရစ်သီ ဝေ့၏။

မြတ်သူရဲ့ စက်ဘီးပေါ်မှာ မြို့သား ရှင်းသန့်က ခန့်ခန့်ကြီး ထိုင်လိုက်သည်။ မေရီတို့ကို မြင်တော့ ပြုံးစိ ပြုံးစိ လုပ်၏။ မျက်တောင်တစ်ဖျတ် ခတ်ကာ ငဲ့ကြည့်လိုက်ပြီးနောက် ပိုင်ပိုင်က စက်ဘီးကို အရှိန် တင်ပစ်သည်။

' ယောက်ဖရေ နေပူလို့ မိုးရွာ

ဂရုမစိုက်ပါ ဒါမျိုးက ရိုးနေပြီ

ယောက်ဖရေ နေတောင် အတော်စောင်းပြီ 

ချောင်းထဲမှာ ရေချိုးပြီး တို့ပြန်မည် '

ဘေးကပ်ပါးက ကြားလိုက်ရသော သီချင်းသံ။
မြတ်သူရဲ့ စက်ဘီးနောက်မှာ ခွထိုင်ပြီး ပါလာသည့် ရှင်းသန့်က ပိုင်ပိုင့်ကို ကြည့်ရင်း အော်ဆိုနေသည်။

ဧည့်သည် မြို့သားဆိုပေမဲ့ ရှင်းသန့်ရဲ့ အကြောကလည်း မလွယ်ပါလေ။ ပိုင်ပိုင့်ကို မြင်တာနဲ့ စိတ်မဆိုး ဆိုးအောင် စနောက်တတ်သည်။

' ယောက်ဖရေ အခင်မင်ရဆုံးမို့

ယောက်ဖလို့ ချစ်စနိုးနဲ့ တို့ခေါ်သည် '

စက်ဘီးနင်းရင်း ပိုင်ပိုင်က စူးစူးရဲရဲ လှမ်းကြည့်ချိန်မှာပဲ ရှင်းသန့်က သံနေသံထား အပြည့်နဲ့ အော်ဆိုပြန်သည်။ အထိတ်ထိတ် အလန့်လန့်နဲ့ မြတ်သူရဲ့ စက်ဘီး တစ်ချက် ရမ်းခါသွားသည်။

" တော်တော့ဟ ! တော်တော့ ! မင်းပါးစပ်ကို ပိတ်တော့။ ဟိုမှာ ငါတို့ကို ကြည့်နေပြီ "

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now