Episode-2

1.3K 167 140
                                    

(Unicode)

2010ခုနှစ်...

"ဒါကြောင့် သခင်လေးကိုစောစောထပါလို့ကျွန်တော်ပြောသားပဲ။ အခုတော့ အကုန်အလောတကြီးတွေလုပ်နေရပြီမှတ်လား"

လက်မှကားမောင်းမပျက်သကဲ့သို့ ပါးစပ်မှလည်းပွစိပွစိပြောသည်ကိုမရပ်သော ကားမောင်းနေသူကြောင့် Heeseungအသာရီမိတော့သည်။ သူ့အားငယ်စဥ်ကတည်းကထိန်းပေးလာသူဖြစ်သောကြောင့် မသိလျှင်သူ့အုပ်ထိန်းသူအလားပင်။

"လောနေတာဦးလေးလေ။ ကျွန်တော်မလောပါဘူး...အေးဆေးပါပဲ"

"လောရတာပေါ့ဗျ။ ဒီနေ့ကသခင်လေးကျောင်းတက်မဲ့ပထမဆုံးနေ့လေ။ ပထမနေ့ကတည်းကနောက်ကျနေလို့ဘယ်ဖြစ်မလဲ။ တခြားသူတွေသခင်လေးကို အထင်သေးကြမှာပေါ့"

"ပိုက်ဆံတရွက်နှစ်ရွက်လောက်ပေးလိုက်ရင် အကုန်ပါးစပ်ပိတ်သွားကြမဲ့သူတွေချည်းပါပဲဗျာ"

ဖုန်းကြည့်မပျက် အေးဆေးပြောလာသောHeeseung။ မွေးဖွားလာသည့်အချိန်မှစ၍ လိုလည်းရမလိုလည်းရခဲ့သည့်သူ့ဘဝတွင် အပေါဆုံးသည်ပိုက်ဆံသာဖြစ်တော့သည်။ နိုင်ငံရှိထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီး၏ တဦးတည်းသောဆက်ခံသူသားဖြစ်သည်လေ။ ဒါမဆန်းပါဘူး...

"ဘာပြောပြော ဒီကျောင်းမှာတော့ရန်မဖြစ်နဲ့တော့နော်သခင်လေး။ သခင်လေးရန်ဖြစ်တိုင်းကျောင်းပြောင်းနေရတာ ဒါနဲ့ဆို၁၀ကျောင်းမြောက်ပဲ။ ဒီမှာလည်းရန်ဖြစ်ရင် နိုင်ငံခြားကိုပညာတော်သင်လွှတ်တော့မယ်လို့ သခင်ကြီးကမှာလိုက်တယ်"

"စိတ်ချပါဗျာ...ဘာတွေပဲဖြစ်နေနေ ကျွန်တော်အဲ့ပညာတော်သင်တော့မသွားချင်ဘူးရယ်။ ဒီမှာဆိုးလို့မဝသေးဘူးလေ။ အဲ...နေဦး...ဦးလေးကားလေးခဏရပ်ပေးပါ့လား"

"ဘာဖြစ်လို့လဲသခင်လေးရယ်။ အခုတောင်ကျောင်းနောက်ကျနေပြီကို"

"ရေခဲမုန့်စားချင်လို့။ စတိုးဆိုင်မှာခဏရပ်ပေးပါနော်။ အမြန်သွားလည်းနောက်ကျမယ် ဖြည်းဖြည်းသွားလည်းနောက်ကျမဲ့အတူ စားချင်တာလေးစားပြီး အေးဆေးပဲသွားတော့မယ်"

ဘာမှပြန်မပြောတော့ပါပဲ သက်ပြင်းသာချလာသောသူ။ အလိုလိုက်ထား၍သူ့သခင်လေးကဆိုးသည်လေ။

Me & You(Fanfic)Where stories live. Discover now