Episode-7

1K 127 58
                                    

(Unicode)

2010ခုနှစ်....

ကျောင်းမှအပြန်ဟိုငေးဒီငေးလုပ်နေစဥ် Lee Heeseungဟု ဆောင့်အောင့်၍ခေါ်လိုက်သောအသံအား နားထဲကြားလိုက်ရသောကြောင့် Yang Jungwonလှည့်ကြည့်လိုက်မိသည်။ သူ့အားခေါ်သည်မဟုတ်သော်ငြား သူသိနေသည့်အမည်နာမဖြစ်နေလေတော့ သူလည်းစိတ်ဝင်စားသည်လေ။

အသံကြားသည်အားလိုက်လံစူးစမ်းကြည့်လေတော့ လူပြတ်နေသောနေရာတခုတွင်ဖြစ်နေလေသည်။ ကျောင်းတွင်မြင်နေကျ ခပ်ချေချေမျက်နှာသည် ယခုကျောင်းပြင်ပတွင်လည်းမပြောင်းလဲ။ Jungwonမျက်လုံးထဲတွင် Heeseung၏ရှေ့မှလူအုပ်ကြီးအား မျောက်အုပ်ကြီးအဖြစ်ပြေးမြင်လိုက်တော့သည်။

ကျွတ်...ကျွတ်...ကျွတ်...သနားစရာကောင်းလိုက်တာ

မကြာလိုက် ဇာတ်ကားများထဲမှအတိုင်း သူသေကိုယ်သေ...အဲ...အဲ့လောက်ထိမဆိုးသေး၊ ချတော့ချကုန်ကြသည်။ တယောက်နှင့်အများဖြစ်နေ၍ ဇာတ်ကားထဲမှလို ဟီးရိုးလုပ်၍ဝင်ကယ်ရအောင်လည်း အကြမ်းဖက်ခံနေရသူက ခပ်ချောချောကောင်မလေးမဟုတ်။ ကောင်မလေးဆိုလျှင်တော့တမျိုးပေါ့။

သို့သော် ချောင်းကြည့်နေရင်းနှင့် Heeseungဘက်မှ တန်ပြန်မချသည်ကိုတော့ Jungwonသတိထားမိပါသည်။

လူဆိုးမှတ်နေတာလိမ္မာသား...

Yang Jungwonဆီမှ Lee Heeseungအတွက်ပထမဆုံးအကြိမ်ပေးလိုက်သော ကောင်းသောမှတ်ချက်ပင်ဖြစ်သည်။

ထိုစဥ်တွင်ပဲ ခွက်ကနဲ့အသံနှင့်အတူ Heeseungမျက်နှာဆီသို့ တည့်တိုးဝင်သွားသောလက်သီးတလုံး။ Heeseungသည်လည်း အလစ်ခံလိုက်ရသည်အား Jungwonမြင်လိုက်တော့သည်။ ထိုအခါသူမနေနိုင်တော့။ ဘယ်လိုပဲထိုလောရှည်အား သူကြည့်မရပါစေ အတန်းခေါင်းဆောင်အနေနှင့်ရော ကျောင်းသားကောင်စီခေါင်းဆောင်အနေနှင့်ပါ သူဝင်ပါမှဖြစ်တော့မည်။

"မင်းတို့ရပ်လိုက်ကြစမ်း"

သူကြည့်ဖူးခဲ့သောဇာတ်ကားများထဲကလို စတိုင်မလိုင်အပြည့်နှင့် ခေါင်းမော့ရင်ကော့ခါးထောက်ကာ ဟန်ပါပါထွက်လိုက်လေတော့...တသက်စာစိတ်ကုန်သည့်အကြည့်နှင့် ပြန်ကြည့်လာသောHeeseung။ Jungwonခမျမျက်နှာပေါ် ငရုပ်သီးများပတ်လိုက်သလိုပင် ပူတက်သွားတော့သည်။

Me & You(Fanfic)Where stories live. Discover now