(Unicode)
2010ခုနှစ်...
"သူ့နေ့လည်ကဘာမှမစားလိုက်ဘူးလားသား"
Heeseungအားကြည့်ကာ မေးလာသောကျောင်းဆေးခန်းရှိဆရာမ၏အမေးကြောင့် Heeseungခပ်သွက်သွက်ခေါင်းငြိမ့်ပြလိုက်မိသည်။ ကုတင်ပေါ်အိပ်နေသောJungwonနိုးသွားမည်စိုး၍ ဆရာမအသံသည်လည်းခပ်တိုးတိုးသာ။
"Jungwonလေးမှာအစာအိမ်ရှိတယ်ကွဲ့။ အခုလိုအလွတ်ခံလို့မဖြစ်တာကို သူဘာလို့ပေါ့သွားရတာပါလိမ့်"
ဆရာမစကားသည် Heeseungခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလိုပင်။ သူတကယ်မသိခဲ့တာပါ။ သိများသိခဲ့လျှင် ဒီလိုမျိုးလုပ်ရန်ယောင်၍တောင်တွေးခဲ့မည်မဟုတ်။ အခုတော့သူနောင်တရနေရုံသာတတ်နိုင်တော့သည်။
ငါ့ကိုစောစောကပြောတာမဟုတ်ဘူးအကောင်ပေါက်ရာ...
မကြာလိုက် တာဝန်ကျဆရာမလည်း အခန်းထဲမှထွက်သွားရာ Heeseungတယောက်သာ ဆေးခန်းထဲJungwonနှင့်ကျန်နေခဲ့တော့သည်။ Heeseungအသံမထွက်စေရန်ဂရုစိုက်၍ Jungwonကုတင်ဘေးရှိခုံတွင်ဝင်ထိုင်လိုက်တော့သည်။
အိပ်ပျော်နေသောJungwonအား အကြောင်းမရှိငေးကြည့်မိရင်း သူနောင်တရ၍မဆုံး။ ပိုက်ဆံချမ်းသာ၍တကိုယ်ကောင်းဆန်သော်ငြား သူသည်သူများအားဒုက္ခပေးရန်အထိတော့ မမိုက်ရိုင်းမယုတ်မာသေး။ အခုတော့သူ့ကြောင့်...
"မေ...မေမေ...မေမေ...သားကိုမထားခဲ့ပါနဲ့...မေမေ"
ရုတ်တရက် အိပ်ပျော်နေရာမှတွန့်လူး၍ ယောင်ယမ်းပြောလာသောJungwon။ Heeseungလည်းကြောင်အသွားမိတော့သည်။ တကိုယ်တည်းနေခဲ့သောသူ့အတွက် ယခုလိုတစုံတယောက်အိမ်မက်ဆိုးမက်၍ထွန့်လူးနေခြင်းကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်လေ။
ဘာလုပ်လို့ဘာကိုင်ရမည်မသိ...ကြံရာလည်းမရသည့်အဆုံး Heeseungအလျင်မြင်ပင် Jungwonလက်အားဆုတ်ကိုင်ပေးထားမိတော့သည်။
နဲနဲလောက်ပဲဖြစ်ဖြစ်အားဖြစ်ပါစေတော့။
သူတွေးနေစဥ်တွင်ပဲ သူ့လက်အားပြန်လည်ဖမ်းကိုင်လာသောJungwon။
"မေမေ...မေမေ...မေမေ..."
မိခင်ဖြစ်သူကိုသာတန်းတခေါ်နေသောသူသည် အိမ်မက်ကောင်းမက်နေခြင်းမဟုတ်ကြောင်း တွန့်ချိုးနေသောမျက်ခုံးတို့က အသိသက်သေထူနေတော့သည်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...