(Unicode)
2010ခုနှစ်...
"မင်းမနေ့ကဘယ်ချိန်မှပြန်ရောက်တာလဲ"
ဘေးနားမှအတူယှဥ်တွဲလျှောက်လာရင်း ရုတ်တရက်မေးလာသောHeeseungကြောင့် Jungwonအသာပင်ပြန်ဖြေပေးလိုက်မိသည်။
"အင်း...၅နာရီပတ်ဝန်းကျင်လောက်ဖြစ်မယ်"
သူပေါ့ပေါ့ပါးပါးပင်ဖြေလာသော်ငြား Heeseungသည်တော့ ထပ်မံမေးလာပြန်သည်။
"အဲ့လူနဲ့ဘာတွေပြောခဲ့ကြတာလဲ"
"ဒီတိုင်းသူကလည်းတောင်းပန်ပါတယ်ဆိုတာပဲ၊ ငါကလည်းရပါတယ်ပေါ့ကွာ"
"အော်...သူကဘယ်လိုလူမျိုးလဲ"
ဒီတခါတော့ Jungwonမနေနိုင်တော့၊ သူ့ဘေးမှHeeseungအား လှည့်ကြည့်မိတော့သည်။
"Lee Heeseungမင်းဘာဖြစ်နေတာလဲ။ ဒီနေ့မှမေးခွန်းတွေများလှချည်လား"
Jungwonပြောလိုက်လေတော့ Heeseungသည်ဖြေရခက်ဟန်ဟိုကုပ်ဒီကုပ်ဖြစ်သွားရသည်။ ပြီးမှ
"မင်းကိုအကြံနဲ့ချဥ်းကပ်နေတဲ့သူဖြစ်မှာစိုးလို့ပါ။ အများအမြင်မှာ ငါကမင်းသူငယ်ချင်းဆိုတော့ တခုခုဆိုငါကတာဝန်မကင်းဘူးဖြစ်မှာလေ"
အကြည့်ချင်းမဆုံပါပဲ ဟိုကြည့်ဒီကြည့်နှင့်ရှောင်လွှဲဖြေလာသောHeeseungအားကြည့်၍ Jungwonပြုံးစိစိဖြစ်လာလေသည်။
ရှက်နေသည့်အချိန်ဆိုလျှင် Heeseungသည်သိပ်ချစ်စရာကောင်းလွန်းသည်လေ။
"မဟုတ်မှလွဲ...မင်းသဝန်တိုနေတာလား..."
ပြီတီတီအကြည့်တို့နှင့်မေးလာသော Jungwonအမေးတို့နောက် Heeseungမျက်နှာကြီးရဲတက်သွားရတော့သည်။
"သ...သဝန်...သဝန်တိုတဲ့လား။ ငါကတမိုးအောက်တယောက်Lee Heeseungပါကွ။ ငါ့လိုလူမျိုးကသ...သဝန်တိုမလား"
ဆူငေါက်ဟန်နှင့်ပြောနေသော်ငြား ပါးနှစ်ဖက်ရဲတက်သွားသောHeeseungသည် ပြောဆိုရင်းပင်နေရာမှအလျင်မြန်ထွက်သွားလေတော့သည်။ သူ့နောက်တွင်တော့Jungwonလည်း အော်ဟစ်ရင်းပင်လိုက်သွားပါသည်။ လမ်းမထက်ကောင်လေးနှစ်ယောက်၏စနောက်သံတို့ကအသက်ဝင်လျက်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...