(Unicode)
2010ခုနှစ်...
"ဒါကသားတက်ရမဲ့အခန်းပဲ။ အတန်းဖော်အားလုံးကသဘောကောင်းပါတယ်။ ဘာမှစိတ်ပူစရာမလိုဘူးသိလား။ တခုခုလိုအပ်တာရှိရင်လည်းဆရာ့ကိုပြောနော်...ဘာမှအားမနာနဲ့"
သူ့နောက်ကြောင်းအားသိထား၍ မျက်နှာကြီးပြုံးဖြီးကာ ဟန်လုပ်ဖော်ရွေနေသောဆရာအား Heeseungအသာသာပြန်ပြုံးပြလိုက်ပါသည်။ ဒီလိုလူများအားတွေ့ဖူးနေကျဖြစ်၍ သူ့အတွက်ထူးဆန်းမနေတော့။ သူနေနေရသည်ကိုက ထိုကဲ့သို့လောကကြီးပဲမဟုတ်လား။
ဆရာနောက်မှတိတ်တဆိတ်လိုက်လာရင်း နောက်ဆုံးတွင်တော့အခန်းရှိရာရောက်သွားပြီဖြစ်သည်။ ယုံကြည်ချက်အပြည့်နှင့်ပင် အခန်းထဲလှမ်းဝင်လိုက်လေတော့ တခန်းလုံးကျွတ်စီကျွက်စီဖြစ်သွားရသည်။
ယခုမှကျောင်းပြောင်းလာသည့် ခပ်ချောချောကျောင်းသားအား မည်သူကစိတ်မဝင်စားပဲနေမည်တဲ့လဲ။
"ကဲ...အားလုံးတိတ်မယ်။ သူကဒီနေ့မှဆရာတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားသစ် Lee Heeseung။ သူငယ်ချင်းကိုအစစအရာရာကူညီပေးလိုက်ကြနော်"
"ဟုတ်"
တခန်းလုံး၏အသံကတညီတည်းတညာတည်း။
"သားလွတ်သွားတဲ့စာတွေကို အတန်းခေါင်းဆောင်ဆီကပြန်ကူးလိုက်နော်။ အတန်းခေါင်ဆောင် သူကိုကူညီပေးလိုက်ပါဦး"
ဆရာပြောစကားကြောင့် Heeseungဆရာလှမ်းကြည့်နေသည့် အတန်းခေါင်းဆောင်ရှိရာဆီလှမ်းကြည့်လိုက်လေတော့...
Wtf...ဟိုအကောင်ပေါက်...
အတန်းနောက်ဆုံးတွင် ဘာမှမဖြစ်ခဲ့သည့်မျက်နှာနှင့် ခပ်တည်တည်ရပ်နေသောကောင်လေး။ မနက်ကတင်သူ့အားကိုင်ပေါက်သွားတာ သူမဟုတ်သည့်အလားပင်။ အကောင်ပေါက်အားမြင်လိုက်လေတော့ ကျောတောင်ပြန်အောင့်လာသလိုလို...
"သူကဒီအတန်းခေါင်းဆောင်Yang Jungwonတဲ့။ သားလိုအပ်တာရှိရင်သူ့ပြောနော်။ သွား...သူ့ဘေးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်"
ဆရာမှစေတနာများပိုကာပြောလာလေတော့ Heeseungငြင်း၍မရတော့ပေ။ အသာမချိပြုံးလေးပြုံးပြကာ အကောင်ပေါက်ရှိရာလှမ်းလာရတော့သည်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...