(Unicode)
2010ခုနှစ်...
"ရော့!!"
နားထဲကြားလိုက်ရသောစူးစူးအောင့်အောင့်အသံနှင့်အတူ မျက်စိရှေ့ရှိခုံပေါ်ရောက်လာသောစက္ကူအိတ်တလုံး။ Jungwonကြောင်တောင်တောင်နှင့်မော့ကြည့်လိုက်လေတော့ ဘာမှမပြောပဲဘေးခုံတွင်ဝင်ထိုင်သွားသူLee Heeseung။
ဒီလောရှည်ဘာလားဟ...
အူကြောင်ကြောင်နှင့်ပဲ အိတ်အားယူ၍ဖွင့်ကြည့်လိုက်လေတော့ အထဲတွင်ရှိနေသည်က ပူပူလောင်လောင်ပေါက်စီနှစ်လုံး။
ဒီလောရှည်ငါ့အတွက်ဝယ်လာတာလား???
သူHeeseungအားလှည့်ကြည့်လိုက်သော်ငြား Heeseungသည်တော့ သူနှင့်မဆိုင်သလိုတဖက်လှည့်အိပ်နေလေတော့သည်။ Jungwonအသာကြိတ်ပြုံးလိုက်မိပြီးနောက် သူ့၏ဉာဥ်ဆိုးလေးကပေါ်လာပြန်သည်။
"ပဲပေါက်စီလား....ငါကကြက်သားပိုကြိုက်တာကို"
မကြိုက်ဟန်ငြီးငြူပြောလိုက်လေတော့ ချက်ချင်းခေါင်းထောင်ကြည့်လာသောHeeseung။
"မစားချင်လည်းနေကွာ...ပြန်ပေး"
လက်ထဲမှအိတ်အားပြန်ဆွဲယူနေသောHeeseungကြောင့် Jungwonမရမကပြန်ဆွဲလုထားမိတော့သည်။ ထို့နောက် ပူပူလောင်လောင်ပဲပေါက်စီလုံးအား အငွေ့တထောင်းထောင်းထွက်အထိ အားပါးတရတချက်ဖိကိုက်ချလိုက်ကာ Heeseungအားလျှာထုတ်ပြောင်ပြလိုက်ပေတော့သည်။
ဒီလောရှည်ကိုစရတာတကယ်ပျော်ဖို့ကောင်းတယ်ရော။
Heeseungသူ့ဘေးရှိအကောင်ပေါက်အား ဘုကြည့်ထိုင်ကြည့်နေမိသည်။ ဝယ်လာသူကဝယ်လာသည်ပဲ...အေးဆေးစားလိုက်ပေါ့။ မကြိုက်ဘူးလေးဘာလေးနှင့်ချေးမျာနေသေးသည်။ ပြန်လုယူတော့လည်းအလုမခံ...အတင်းပြန်ဆွဲထားသည်။ ထို့အပြင် ပါးစပ်ထဲပေါက်စီဗလပွနဲ့လျှာကထုတ်ပြသေး။
ဒီအကောင်ပေါက်ဟာလေနဲနဲလေးမှကိုအချိုးမပြေဘူး။
*************************
တနေ့တရက်တွင်တော့ ညနေခင်းအချိန်တွင် Heeseungတယောက်ကျောင်းဆင်းသည်နှင့် အေးဆေးစွာလမ်းလျှောက်ထွက်လာခဲ့တော့သည်။ ယနေ့မှ ကားမောင်းသူဦးလေးကြီးကလည်း သူ့မိဘများနောက်လိုက်ပါသွားရ၍ တခြားသူအားလာမကြိုခိုင်းတော့ပဲ သူ့ပါသူအေးဆေးလမ်းလျှောက်ရန်သာ သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...