(Unicode)
2010ခုနှစ်...
~မင်းအဆင်ပြေရဲ့လား~
~ငါအမြန်ဆုံးပြန်လာခဲ့မယ်~
~မင်းကိုယ့်ကိုယ်ကိုဂရုစိုက်ဦး~
~ငါမင်းအတွက်အမြဲရှိနေတယ်နော်~
~အားတင်းထားJungwon။ ချစ်တယ်~
အစရှိသဖြင့်မြောက်များလှစွာသောmessageများအား Jungwonထပ်မံကြည့်မိပြန်သည်။ ဒီရက်ပိုင်းများတွင် ဤmessageများအားကြည့်၍ Jungwonအားတင်းမိသည်မှာ အကြိမ်ကြိမ်အခါခါ။ ယခုဆိုလျှင် သူချစ်ရသူမှာ ဤလောကကြီးထဲတွင်Heeseungတယောက်သာ ကျန်တော့သည်မဟုတ်လား။ သို့သော် Heeseungသည်လည်း ပြည်ပရောက်နေကာ ပြန်လာချင်သော်ငြားပြန်မလာနိုင်ဖြစ်နေရ၍ Jungwonတကယ်အားငယ်မိပါသည်။ သို့သော်...
"အခုလိုလာပေးတာကျေးဇူးပါဗျ"
"ရပါတယ်ဗျာ။ ရုတ်တရက်ဖြစ်သွားတော့ ကျွန်တော်တို့လည်းအံ့သြသွားတယ်ဗျာ။ တကယ်စိတ်မကောင်းပါဘူး။ ဒါနဲ့ ဟိုဘက်ကကားမောင်းတဲ့သူရော်ဖမ်းမိလား"
"ဟုတ်ကဲ့...မိလို့အခုအချုပ်ထဲရောက်နေပါပြီ။ မနက်ဖြန်ဆို စီရင်ချက်ချမှာပါ"
"ထိုက်သင့်တဲ့အပြစ်ခံရပါစေဗျာ။ သူ့ကြောင့် ဒီသားအဖနှစ်ယောက်တည်းရှိတာကို အချိန်မတန်ခင်သေကွဲကွဲခဲ့ရတာလေ"
"ကျွန်တော်တို့လည်း အဲ့လူသူနဲ့ထိုက်သင့်တဲ့အပြစ်ပေးခံရအောင် ကြိုးစားသွားမှာပါ"
လာရောက်သည့်ဧည့်သည်နှင့် လေပေးလေယူဖြောင့်ကာစကားပြောနေသောJaeyunနှင့် Jaeyunဘေးတွင် ခပ်တည်တည်မျက်နှာထားနှင့်ထိုင်နေသောJayအား Jungwonလှမ်းကြည့်လိုက်မိပါသည်။ သူ့အဖေ၏နောက်ဆုံးခရီးတွင် Jaeyunရော၊ Jayပါ နေ့စဥ်အမြဲလာရောက်၍ ကူညီပေးကြသည်။ Jungwonအားနာ၍ ပြန်ရန်ပြောသည်လည်းလက်မခံ၊ သူတို့သည်ပဲအိမ်ရှင်လုပ်၍ လာသမျှလူတိုင်းအား လက်ခံစကားပြောနေတော့သည်။ တကယ့်ကာယကံရှင်Jungwonသည်တော့ ဝမ်းနည်းစိတ်ကြောင့် ဘာမှမပြောနိုင်၊ မလုပ်နိုင်ဖြစ်နေရသည်ကို။
"Jungwon..."
Jungwonလှမ်းကြည့်နေစဥ်တွင် ထိုင်ရာမှထကာအနားလျှောက်လာသောJay။ ထို့နောက် အနားလာထိုင်လာတော့သည်။
YOU ARE READING
Me & You(Fanfic)
خارق للطبيعة(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...