(Unicode)
2010ခုနှစ်...
"ဒီနေ့ဘယ်လိုလဲ"
အိမ်ပေါက်ဝရောက်သည်နှင့် မျက်နှာချင်းဆိုင်လိုက်ကာ မေးလိုက်သောHeeseung။ တနေကုန်နေရာစုံလျှောက်သွား၊လျှောက်စားခဲ့ပြီးနောက် ယခုတွင်တော့ အိမ်ပြန်လိုက်ပို့ခြင်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
"မဆိုးပါဘူး"
မျက်နှာသေလေးနှင့်ပြန်ဖြေလာသောJungwonမှာစိတ်မပါတပါပုံစံလေးနှင့်၊ တနေကုန်သွား၃၂ချောင်းပေါ်အောင်ပြုံးဖြီးနေခဲ့သူမှာသူမဟုတ်သည့်အတိုင်း။
Heeseungစိတ်အချဥ်ပေါက်တွေးမိကာ ဖုန်းထဲရှိသူခိုးရိုက်ထားခဲ့သော ဒီနေ့တနေလုံးတွင်Jungwonပြုံးရီနေသောပုံများအား ထုတ်ပြလိုက်ချင်တော့သည်။ သို့သော် သူခိုးလူမိဖြစ်မည်လည်းစိုး၍ အသာပြန်ငြိမ်နေလိုက်ရပြန်သည်။
"ဒါပင်မဲ့ ငါတွေးမိတာတခုရှိတယ်ကွ"
စဥ်းစားနေဟန်လေးနှင့် Jungwonစကားစလိုက်လေတော့ Heeseungလည်းဘာလဲဆိုသည့်သဘောနှင့် တချက်မေးငေါ့ပြလိုက်သည်။
"ငါတို့အခုလည်ခဲ့တာ သူငယ်ချင်းတွေအနေနဲ့လည်တာနဲ့ ဘာမှမကွာဘူးလားလို့"
Jungwonပြောမှပင် Heeseungလည်းပြန်စဥ်းစားမိသည်။ ဟုတ်တော့လည်းဟုတ်သည်...တနေကုန်နှစ်ယောက်သားလျှောက်လည်စဥ် လက်တောင်မကိုင်ခဲ့။ လင်းပိုင်ပြပွဲတချိန်သာ Jungwonအားခေတ္တပွေ့ဖက်ခဲ့မိသည်။ ကျန်သည့်တချိန်လုံး ရန်ဖြစ်ရင်းတလှည့်၊ စကားများရင်းတခါနှင့်သာ ကုန်ဆုံးခဲ့ရသည်လေ။ သူငယ်ချင်းမှတွဲခဲ့တော့လည်း နှစ်ယောက်သားအကျင့်တို့ကမပျောက်ကြသေး။
သို့သော် ထိုခဏလေးမှာပင် Heeseungအကြံတခုအားတွေးမိသွားတော့သည်။ ထို့ကြောင့်ပင် ဟန်ပါပါနှင့်စကားစလိုက်သည်။
"မဟုတ်ဘူးကွ...အခုလိုအတွဲတွေအနေနဲ့လျှောက်လည်တာက သူငယ်ချင်းတွေအနေနဲ့လျှောက်လည်တာနဲ့ မတူတာရှိတယ်"
"ဘာမတူလို့လဲ"
မျက်လုံးဝိုင်းဝိုင်းတို့ပြူးလျက်မေးလာသောJungwonသည် အမှန်ပင်သိချင်နေဟန်နှင့်။ Heeseungလည်းလူယုတ်မာပြုံးပြုံးလိုက်ကာ Jungwonမျက်နှာအနားကပ်သွားလိုက်ပြီး
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...