(Unicode)
2010ခုနှစ်...
"ဒီလိုမဟုတ်ပဲ နှစ်ဖက်မိဘတွေအကုန်လုံးကိုဖွင့်ပြောရအောင်လေ။ ငါမင်းကိုစတွဲကတည်းက တစ်ဘဝလုံးစာရည်ရွယ်ပြီးတွဲခဲ့တာဥစ္စာ။ မင်းသဘောကရော် ဘယ်လိုလဲJungwon"
Jungwonမျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် မနေ့ညကHeeseungပြောခဲ့သောစကားတို့က သူ့အလိုလိုခေါင်းထဲရောက်လာတော့သည်။
Heeseungအားမချစ်မဟုတ်၊ ချစ်၍ပဲချစ်သူအနေနှင့်တွဲနေသည်လေ။ သို့သော် ဘဝတသက်စာလက်တွဲဖော်အနေနှင့်တော့ သူတခါမှမတွေးဖူးခဲ့။ အခုတော့တွေးနေရလေပြီ။
Heeseungနှင့်ဘဝတခုလုံးအတူဖြတ်သန်းချင်ပါသလား???
တွေးနေသည်သာပြောသည်၊ လက်တွေ့တွင်တော့ နှုတ်ခမ်းအစုံကပြုံးနေကာ အိပ်ရာထဲလူးလိမ့်နေမိသည်။ ဒါသူရှက်နေသည့်သဘော။
"ဟော...မနက်စောစောဘာတွေဖြစ်နေတာတုန်းငါ့သားရ"
အနောက်မှ အဖေဖြစ်သူ၏အသံကြားလိုက်မှသာ Jungwonလန့်သွားကာ အိပ်ရာမှလူးလိမ့်ထလိုက်မိသည်။
"အ...အဖေ...ပြန်ရောက်ပြီလား"
"ရောက်ပေါ့ကွာ။ မင်းကရောဘာတွေဖြစ်နေတာတုန်း။ အိပ်ရာထဲလူးလိမ့်လို့။ ဘာတုန်း ကောင်မလေးတွေဆီကများဖွင့်ပြောခံရလို့လား"
"အာ...မဟုတ်ပါဘူးဗျာအဖေကလည်း"
Jungwonခပ်ရဲရဲမျက်နှာနှင့်ပဲ အိပ်ရာသိမ်းမိတော့ သူ့အဖေသည်လည်းအောင်မြင်သောအသံကြီးနှင့် အော်ရီလာတော့သည်။
ထို့နောက် Jungwonမျက်နှာသစ်၊ရေချိုးပြီးလေတော့ သူ့အဖေသည်မနက်စာတောင်ပြင်ပြီးလေပြီ။
"ဒီနေ့ထူးထူးဆန်းဆန်းပါ့လား၊ အဖေမအိပ်သေးပဲမနက်စာတွေဘာတွေပြင်လို့။ မျက်နှာလည်းပြုံးလို့ဆိုတော့ အလုပ်မှာကောင်းတဲ့ကိစ္စတခုခုရှိခဲ့တာလား"
ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် ညစောင့်အဖြစ်လုပ်သောအဖေဖြစ်သူသည် ညဘက်အလုပ်ခွင်သွား၍ ပြန်လာလျှင်တနေကုန်အိပ်တတ်သောကြောင့် အမြဲJungwonဖြစ်သလိုပင် မနက်စာစားသွားရသည်လေ။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...