(Unicode)
2010ခုနှစ်....
"မင်းအဆင်ပြေရဲ့လားHeeseung"
ခုံတန်းလေးပေါ်လှဲနေသူအား ဘေးမှလက်လေးနှင့်ယပ်ခက်ပေးရင်း Jungwonမေးလိုက်မိသည်။ သရဲအိမ်ဝင်ခဲ့သည်မှာ တဝက်လောက်ထိအဆင်ပြေခဲ့သေးသော်ငြား ကျန်တဝက်တွင်တော့ သရဲများရှယ်အခြောက်ခံရကာ Heeseungအော်ရလွန်း၍ အားကုန်သွားခြင်းဖြစ်သည်။ သူတို့အနမ်းပေးသည်အားမြင်သွားပြီးနောက်ဆိုတော့ ထိုသရဲတွေသည်faတွေများလား။
"အင်း...ငါအဆင်ပြေသွားပါပြီ"
လှဲနေရာမှထထိုင်လိုက်ကာ Heeseungအသာပြန်ပြောလိုက်မိသည်။ အသံသည်တော့အားမရှိသေး။
"ရော့...အအေးလေးသောက်လိုက်ဦး"
Jungwonမှကမ်းပေးလာသောလိမ္မော်ဖျော်ရည်အားတငုံသောက်လိုက်ပြီးမှ Heeseungလည်းလန်းသွားတော့သည်။
သို့သော် သူ့စိတ်ထဲတွင်တော့ကျိတ်မနိုင်ခဲမရနှင့်။ အမြဲcool guyပုံစံနေခဲ့သည်မှာ ဒီနေ့တွင်တော့သူ့ပုံရိပ်တွေအကုန်ရေစုန်မျှော။
ဒါဟိုသရဲတွေမကောင်းလို့။ ဒီတသက်ရီးဇားမရပါစေနဲ့ဗျာ။
"အဲ့တော့ အခုမင်းဘာဆက်လုပ်ချင်သေးလဲ"
Heeseungတယောက် Jungwonအားမော့ကြည့်၍မေးလိုက်တော့သည်။ သူပင်ပန်းနေ၍မဖြစ်၊ ဤကစားကွင်းအားလာသည်ဆိုကတည်းက ပျော်ချင်၍မဟုတ်လား။
"အဲ့ဒါသွားစီးရအောင်..."
"အဲ့ဒါ???"
"အင်း...ကစားကွင်းရောက်ရင်မစီးမဖြစ်တဲ့ဟာ"
"ရိုလာကိုစတာလား"
Heeseungခေါင်းမွှေးများထောင်ကာ ထိတ်လန့်တကြားပြောမိတော့သည်။ ကျေးဇူးပြုပြီးကယ်ပါ။
"Lee Heeseung မင်းစိတ်ထဲမှာငါ့ကိုဂျိုနှစ်ချောင်းပေါက်နေတဲ့ မကောင်းဆိုးဝါးလို့များမြင်နေသလား"
ခါးလေးထောက်ကာ မျက်မှောင်လေးကြုံ့လျက် ဆူဟန်လေးပြန်ပြောလာတော့ Heeseungကြောက်နေရာမှကြောင်သွားမိသည်။
"မဟုတ်ဘူးလား"
"မင်းတယောက်လုံးဒီလိုပုံစံဖြစ်နေတာကို ရိုလာကိုစတာသွားစီးမယ်ပြောမလား"
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...