(Unicode)
2010ခုနှစ်...
"ဒါဘာသဘောလဲJaeyun hyung"
Jungwonသူ့လက်ထဲရှိစာချုပ်အား မယုံကြည်ခြင်းများစွာနှင့်ဖတ်နေမိသည်။ သူ့လက်တွေသည်လည်းတုန်ရီလို့။
"မင်းမြင်တဲ့အတိုင်း ဒါမင်းအဖေကhyungတို့ဆီမှာ ချေးငွေယူထားတဲ့စာချုပ်ပါ"
Jungwonအမေးအား Jaeyunသက်ပြင်းတချက်ချလိုက်ရင်း ဖြေပေးလိုက်တော့သည်။
"ဗျာ..အ...အဖေကဘယ်...ဘယ်တုန်းက"
"သူhyungတို့ပိုင်တဲ့ လောင်းကစားရုံတခုကိုရောက်လာတယ်။ လောင်းရင်းပိုက်ဆံတွေကုန်သွားတော့ hyungတို့ဆီကချေးခဲ့တာပဲ။ အခုပိုက်ဆံပြန်မဆပ်လို့စုံစမ်းရင်းမှ သူကမင်းအဖေဖြစ်ကြောင်း hyungတို့သိခဲ့ရတာပါ"
Jaeyunလေသံအေးအေးနှင့်ပဲ ကြိုတင်စဥ်းစားထားသည့်ဇာတ်လမ်းအား ပြောပြလိုက်ပါတော့သည်။ အဖြစ်မှန်အားဖုံးကွယ်ထားဆဲ။
"မ...မဖြစ်နိုင်တာ။ အဖေကလောင်းကစားလုပ်တတ်တဲ့သူမဟုတ်ပါဘူး"
Jungwonငြင်းဆိုလိုက်ရင်း ရုတ်တရက်အတွေးတခုတွေးမိသွားသည်။ အလုပ်သွားမည်ပြော၍ အမှန်တကယ်အလုပ်မသွားပါပဲ ထွက်သွားခဲ့သည့်ညများ။
"မ...မဟုတ်မှလွဲရော အဲ့ညတွေကအဖေအလုပ်မသွားပဲ လောင်းကစားရုံသွားနေခဲ့တာလား"
"သူလောင်းကစားလုပ်တတ်တဲ့လူတယောက်ယောက်နဲ့ ပေါင်းမိသွားတာဖြစ်မယ်။ မင်းစိတ်ထိခိုက်နေချိန်ဒီလိုစကားမျိုးပြောရတာစိတ်မကောင်းပင်မဲ့ hyungတို့အတွက်လည်း လုပ်ငန်းအရမို့ပါ"
Jaeyunအပြောအား Jungwonဘာမှပြန်မပြောနိုင်။ သူ့ခေါင်းထဲပူထူနေကာ ဘာလုပ်ရမည်နည်းစဥ်းစားမရဖြစ်နေမိသည်။ သူလိုကျောင်းတောင်မပြီးသေးသည့်ကလေးတယောက်က ဒီလောက်ပိုက်ဆံအများကြီးအား မည်ကဲ့သို့ဆပ်ရမည်နည်း။ သူကိုယ်တိုင်တောင် မည်ကဲ့သို့ရပ်တည်ရန်မသိဖြစ်နေသည့်အချိန်လေ။
"တခုတော့ရှိတယ်Jungwon"
Jaeyunစကားကြောင့် Jungwonမော့ကြည့်လိုက်မိသည်။
"မင်းအခြေအနေကိုလည်း hyungတို့ကသိပြီးသားဆိုတော့ မင်းအတွက်နည်းလမ်းတခုစဥ်းစားထားပါတယ်"
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...