(Unicode)
2010ခုနှစ်...
တရိပ်ရိပ်သွားနေသောကားလေး။ သစ်ပင်များ၊ လူနေအိမ်အဆောက်အအုံများ၊ လူများ အားလုံးအားဖြတ်ကျော်၍ သူရည်ရွယ်ရာသို့ဦးတည်သွားနေလေသည်။
"ဟိုလေ...ကျွန်တော့်ကိုခေါ်ခိုင်းလိုက်တာဘယ်သူလဲဟင်"
တိတ်ဆိတ်နေသောကားထဲ Jungwonအရဲစွန့်လျက်မေးလိုက်တော့သည်။ မတွေ့ခင် သူတွေ့ရမည့်သူအကြောင်း အနည်းနှင့်အများသိထားမှဖြစ်မည်လေ။
"သူလား...အင်း...မင်းသူ့ကိုတွေ့မှသူပြောပြတာပိုကောင်းမယ်ထင်တယ်"
အပြုံးနှင့်ပဲဆိုလာသောJakeစကားကြောင့် Jungwonမကျေမနပ်နှင့် ငြိမ်သွားမိတော့သည်။ မည်ကဲ့သို့ပုဂ္ဂိလ်မျိုးမို့ ယခုလောက်လျှို့ဝှက်နေရသနည်း။
"Hyungတခုလောက်တော့ ကြိုမှာချင်တယ်"
Jakeမှစကားပြန်စလာသောကြောင့် Jungwonလှမ်းကြည့်လိုက်သည်။
"မင်းနဲ့တွေ့လို့သူ့ဘက်ကအရီအပြုံးမရှိခဲ့ရင် မင်းစိတ်မဆိုးပါနဲ့။ အဲ့ဒါသူ့ရဲ့...အင်း...ရောဂါကြောင့်ပါ"
"ဗျာ...ဘယ်လိုရောဂါမို့လို့ မရီမပြုံးနိုင်ရတာလဲဗျ"
Jungwonအံ့သြတကြီးမေးမိပြန်သည်။ မရီမပြုံးနိုင်သည့်ရောဂါဟူ၍သူမကြားဖူး။
"မရီမပြုံးနိုင်ဘူးဆိုတာထက် ရီပြုံးဖို့ခံစားချက်တွေကိုမခံစားနိုင်တာပါ။ ဘာပြောပြော အဲ့ဒါကြောင့် မင်းနဲ့တွေ့လို့အရီအပြုံးမရှိရင် မင်းဘယ်လိုမှသဘောမထားဖို့မျှော်လင့်ပါတယ်"
"သူ့ရောဂါကြောင့်ဆိုတော့လည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော်နားလည်ပါတယ်"
Jungwonကြည်ကြည်သာသာပင် ခေါင်းငြိမ့်ပြလိုက်တော့ Jakeတယောက် အပြုံးလေးနှင့်ပဲ ပြန်တုံ့ပြန်လာပါသည်။
ဤသို့ဖြင့် ထိုထက်ပို၍ မည်သည့်စကားမှမပြောဖြစ်ခဲ့ကြသောJakeတို့ကားလေးသည် ရည်ရွယ်ရာဆီသို့ရောက်သွားလေတော့သည်။ သစ်ပင်ပန်းမာန်များနှင့်ခြံဝင်းကျယ်ကြီးထဲဝင်၍ ခံ့ညားထည်ဝါလှသောအိမ်ကြီးရှေ့၌ ထိုးရပ်သွားသောကားလေး။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...