(Unicode)
2010ခုနှစ်...
အိမ်ရှေ့တွင်ရောက်နေသော မဖိတ်ခေါ်သည့်ဧည့်သည်အား Jungwonကြောင်လျက်သားစိုက်ကြည့်နေမိသည်။ သူ့တွင်မေးခွန်းပေါင်းများစွာရှိနေလျက် လက်တွေ့တွင်တော့ ပါးစပ်ကတခွန်းမှထွက်မလာနိုင်သေး။
"ဟို...ဟို..."
သူ့ပုံစံအားကြည့်၍ သဘောကျစွာရီလာလျက် ငြင်သာစွာပြုံးပြလာသောထိုလူ။
"Hyungရုတ်တရက် အကြောင်းမကြားပဲ ရောက်လာမိတာsorryပဲJungwon"
Jungwonပို၍အံ့သြသွားရပြန်သည်။ သူ့နာမည်အားမည်ကဲ့သို့သိနေသနည်း???
"အာ...ဟုတ်သား၊ ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့မေ့နေတယ်။ Hyungနာမည်ကShim Jaeyunပါ"
လက်ကမ်းကာဆိုလာသူကြောင့် Jungwonလည်းကြောင်အအနှင့်ပင် ပြန်ဆွဲကိုင်လျက်နှုတ်ဆက်လိုက်မိသည်။
"ဟုတ်...ကျွန်တော်ကYang Jungwonပါ။ ဟို...ဒါနဲ့ အခုကဘာကိစ္စ..."
"အဲ့ဒါလား...ဟိုတနေ့ကမင်းကို ကားနဲ့တိုက်မိမလိုဖြစ်ခဲ့တာကို hyungသူဋ္ဌေးကတောင်းပန်ချင်လို့ရော၊ ပြီးတော့ အားနာလို့တခုခုဧည့်ခံချင်လို့ရော၊ အဲ့ဒါမင်းကိုခေါ်ခိုင်းလိုက်လို့ပါ"
Jaeyunစကားအဆုံးတွင်တော့ Jungwonတယောက် သူမမြင်လိုက်ရသည့်ကားထဲမှလူအား သွားသတိရလိုက်တော့သည်။ ထိုနေ့တုန်းက ကားထဲမှတောင်ဆင်းမလာသူက ယခုတော့တောင်းပန်ချင်၍ တကူးတကလာခေါ်ခိုင်းသည်ဆိုတော့ နဲနဲတော့လွဲနေသယောင်ယောင်။
"ရ...ရပါတယ်ဗျ။ အဲ့ကိစ္စကလမ်းသေချာမကြည့်မိတဲ့ ကျွန်တော့်အမှားလည်းပါတာမို့ အားနာစရာမလိုသလို တောင်းပန်စရာလည်းမလိုပါဘူးဗျ"
"ဒါပင်မဲ့ သူကမင်းကိုတကယ်တွေ့ချင်နေတာပါ"
Jaeyunစကားကြောင့် Jungwonမျက်လုံးပြူးသွားရသည်။ သူ့စကားတို့သည်ရိုးမလိုလိုနှင့်မရိုးသလိုလို။ သို့သော် Jungwonအားကြည့်၍ Jungwonတွေးမိသည်အား Jaeyunရိပ်မိလိုက်ပါသည်။ ထို့ကြောင့် အလောတကြီးဖြေရှင်းချက်ထုတ်မိသောJaeyun။
"အာ...hyungပြောချင်တာက မင်းကိုတကယ်တွေ့ပြီးတောင်းပန်ချင်တာကိုပြောတာပါ"
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...