Episode-9

902 116 32
                                    

(Unicode)

2010ခုနှစ်....

"Morning Heeseung"

Jungwonတယောက် အတန်အသင့်လည်းရင်းနှီးနေပြီဖြစ်သောကြောင့် အခန်းထဲဝင်လိုက်လိုက်ချင်း Heeseungအားလှမ်းနှုတ်ဆက်လိုက်သည်။ သို့သော် သူ့အားမြင်လျှင်မြင်ချင်း ခုံပေါ်တွင်ထိုင်နေသောHeeseung ရုတ်တရက်ကောက်ထကာ တဖြည်းဖြည်းအနောက်အားဆုတ်သွားလေသည်။ မသိလျှင်တစ္ဆေသရဲအားတွေ့လိုက်ရသလို။

"အင်...အင်း...Morning"

Heeseung၏ပုံစံအားကြည့်၍ Jungwonလည်းသံသဃဝင်လာတော့သည်။

"မင်းဘာဖြစ်နေတာလဲ။ မနေ့ကတည်းက တကယ်နေမကောင်းဖြစ်နေတာလား"

Heeseung၏မျက်နှာနီနေသည်ကို ရည်ရွယ်၍Jungwonမေးလိုက်မိခြင်းဖြစ်သည်။

"အရမ်းဖျားနေလို့လား"

Jungwonအပူချိန်တိုင်းရန် စိုးရိမ်တကြီးအနားကပ်သွားလေတော့ ချက်ချင်းပင်အနောက်ဆုတ်သွားပြန်သောHeeseung။

"So...sorry...ငါသန့်စင်ခန်းသွားလိုက်ဦးမယ်"

Jungwonအဖြေကိုပင်မစောင့်၊ Jungwonအားရှောင်၍အလျင်အမြန်ပြေးထွက်သွားသောHeeseung။ ကျန်ခဲ့သည့်Jungwonမှာကြောင်တောင်တောင်လေးနှင့်။

************************

ရေပိုက်ခေါင်းမှကျနေသည့်ရေများနှင့် အားပါးတရမျက်နှာသစ်လိုက်သောHeeseung။ အေးစက်စက်ရေများကြောင့် လူကနဲနဲတော့လန်းသွားသလိုလို။

မှန်ထဲတွင်မြင်နေရသည့် ကိုယ့်ပုံရိပ်အားကိုယ်ပြန်ကြည့်ရင်း Heeseungအားမလိုအားမရဖြစ်မိသည်။ သူ့လိုပွဲတကာနွှဲခဲ့သည့်သူက ဒီလက်တဆုပ်စာဖြူဖြူသေးသေးလေးရှေ့တွင်မှတုန်လှုပ်နေရသည်တဲ့။ ဒါမဖြစ်သင့်...လုံးဝမဖြစ်သင့်..​.ဖြစ်ကိုမဖြစ်သင့်။

အကောင်ပေါက်အကြောင်းတွေးမိရင်းမှ အစောပိုင်းကသူ့အားကြည့်နေသည် ကြည်လဲ့နေသည့်မျက်ဝန်းမဲမဲတောက်တောက်လေးတွေကိုပြန်မြင်ယောင်မိလာသည်။ ထို့အပြင် နှုတ်ခမ်းလေးသည်လည်း သေးသေးလေးနှင့်ရဲရဲစိုစိုလေး။

ဒုတ်...ဒုတ်...

တွေးမိတွေးရာတွေးလိုက်မိတော့ ရင်ဘက်ထဲမှမီးရထားခုတ်မောင်းနေသည့်အလားဖြစ်လာရသည်။ တဒုတ်ဒုတ်နှင့်ခုန်နေသည်မှာ ဘေးလူကြားမည်ကိုတောင် စိုးရိမ်စေမိသည်အထိ။

Me & You(Fanfic)Where stories live. Discover now