Episode-23

820 91 51
                                    

(Unicode)

2010ခုနှစ်...

Jungwonပြေးနေမိသည်။ တုန်လှုပ်နေသောစိတ်အစုံအားလျစ်လျူရှုလျက် Jungwonမရပ်မနားပြေးနေမိသည်။ သူဆုတောင်းနေမိသည်ကတခုတည်းသာ...

​အဖေအဆင်ပြေပါစေ။

ဆေးရုံရောက်သွားလေတော့ ကောင်တာတွင်အမောတကောမေးမိတော့ အရေးပေါ်ခန်းတွင်တဲ့။ မပြေးပါနှင့်ဆိုသောသတိပေးစကားများအားလျစ်လျူရှုကာ အရေးပေါ်ခန်းဆီတခါထပ်ပြေးမိပြန်သည်။

အခန်းထဲဝင်မရသောကြောင့် အခန်းအပြင်မှလှမ်းကြည့်လိုက်တော့ တကိုယ်လုံးသွေးအလူးလူးဖြင့် ဆရာဝန်များဝိုင်းကာအသက်လုနေရသောအဖေဖြစ်သူ။ Jungwonမျက်ရည်များစီးကျကာ အလုအယက်ဆုတောင်းနေမိတော့သည်။

ကျန်တာအားလုံးရင်ဆိုင်နိုင်တာမို့ သူ့ရဲ့တဦးတည်းသောမိသားစုဝင်ဖြစ်သောအဖေဖြစ်သူကိုတော့ သူ့ဘဝထဲကနေဆွဲထုတ်မသွားပါနဲ့ကံကြမ္မာရယ်။

အချိန်တခဏကြာပြီးသည့်နောက်တွင်တော့ သွေးတို့စွန်းထင်နေသောအဖြူရောင်ဂျူတီကုပ်နှင့် အရေးပေါ်ခန်းထဲမှထွက်လာသောဆရာဝန်။ Jungwonအနားသို့အလုအယက်သွားမိတော့သည်။

"ဆရာ...ကျွန်...ကျွန်တော့်အဖေဘယ်လိုနေလဲဟင်။ အဖေ...အဖေအဆင်ပြေရဲ့လား"

"စိတ်မကောင်းပါဘူး။ ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပင်မဲ့ ဆေးရုံရောက်တာ အချိန်နှောင်းခဲ့ပြီး အသက်ကိုမမှီလိုက်နိုင်ဘူး"

"ဗျာ...ဆ...ဆရာဆိုလိုချင်တာက..."

"လူနာကွယ်လွန်သွားပါပြီ"

Jungwonဘာမှမတုံ့ပြန်နိုင်တော့၊ ကျနေသည့်မျက်ရည်များသည်လည်းရပ်တန့်သွားကာ မျက်စိထဲတွင်လည်းဘာမှမမြင်နိုင်၊ နားထဲတွင်လည်းဘာမှမကြားနိုင်ဖြစ်သွားရသည်။

ဒီလောကကြီးထဲတွင် သူ့၏တဦးတည်းသောမိသားစုဝင်ဖြစ်သော၊ သူ့အားအရာအားလုံးထက်ပိုချစ်ပေးပါသော၊ သူအရာအားလုံးထက်ပိုချစ်ရပါသောအဖေဖြစ်သူသည် ဒီလိုမျိုးရုတ်တရက် သူ့အားခွဲခွာသွားခြင်းအား Jungwonလက်မခံနိုင်ဖြစ်နေမိသည်။

Me & You(Fanfic)Where stories live. Discover now