(Unicode)
2010ခုနှစ်...
"မောနင်းJungwon"
Jungwonတယောက် အိမ်ရှေ့တွင်ခန့်ညားစွာရပ်နေသောHeeseungအားကြည့်၍ တိုက်လက်စသွားတိုက်တံလေးတောင်တန့်သွားရသည်။ ကံကောင်း၍သွားတိုက်ဆေးတွေမြိုမချမိလိုက်။
"မင်း...ဘာလာလုပ်တာလဲ"
သွားတိုက်တံလေးကိုက်လျက်နှင့်ပဲ Jungwonကြောင်အစွာမေးလိုက်မိသည်။
ဒီလောရှည်နာရီပဲမှားကြည့်လာသလား...
"ဒီနေ့ မင်းနဲ့ငါအပြင်သွားဖို့ချိန်းထားတယ်လေ။ အဲ့ဒါကြောင့် မင်းကိုလာခေါ်တာ"
"ချိန်းထားတာတော့ဟုတ်ပင်မဲ့ ငါတို့တွေ့မယ်ပြောထားတာ နေ့လည်၁၂နာရီလေ။ အခုမှမနက်၈နာရီပဲရှိသေးတာလေကွာ။ မင်းအချိန်မှားကြည့်လာတာလား။ မင်းတို့အိမ်ကနာရီကပျက်နေတာလား"
"မင်းကလည်း ၈နာရီဆို၁၂နာရီရောက်ဖို့သိပ်မလိုတော့ပါဘူး"
အပြုံးကြီးနှင့်ပြောလာသောHeeseungအားကြည့်၍ Jungwonခေါင်းတခါခါနှင့်ပဲ တံခါးအားဆောင့်ပိတ်လိုက်တော့သည်။ အိမ်ရှေ့မှHeeseungခမျမျက်နှာငယ်လေးနှင့်။
ငါဘာများအမှားလုပ်မိလို့ပါလိမ့်...
*************************
ဤသို့နှင့်ပဲ နေ့လည်၁၂နာရီတွင်ချိန်းထားသောdateသည် Heeseung၏လုံ့လဝီရိယရှိမှုကြောင့် မနက်၉သို့ပြောင်းလဲသွားရတော့သည်။ နှစ်ယောက်လုံးမနက်စာမစားရသေးလေတော့ အရင်ဦးတည်လိုက်သည်က စားသောက်ဆိုင်သို့။
Jungwonညွှန်ခဲ့သောဆိုင်လေးသည် အပြင်ဆင်သပ်သပ်ရက်ရက်နှင့် အပင်လေးအောက်တွင်ဆိုင်လေးဖွင့်ထားသောကြောင့် အေးအေးချမ်းချမ်းလည်းရှိလှသည်။
ဆိုင်ထဲသို့ဝင်လိုက်လိုက်ချင်း စားပွဲတွင်ဝှီးခနဲ့ဝင်ထိုင်လိုက်သောJungwon။ ခုံဆွဲယူပေးရန်ပြင်နေသောHeeseungလက်တို့က လေထဲတွင်တန့်လို့။
ဒီအကောင်ပေါက်ဟာroကိုမroတတ်ဘူး။
Heeseungမကျေမနပ်တွေး၍ မျက်နှာချင်းဆိုင်တွင်စူပုတ်ပုတ်နှင့်ဝင်ထိုင်လိုက်သည်။ အရှေ့မှအကောင်ပေါက်ကတော့ စားစရာမှာရန်သာအာရုံထဲရနေဟန်နှင့်။ မှာပြီးလေတော့လည်းငြိမ်ငြိမ်စောင့်မနေ။ ဟိုဘက်လှည့်ကြည့်လိုက်၊ ဒီဘက်လှည့်ကြည့်လိုက်နှင့် သူ့မျက်စိထဲတွင် သူ့ရှေ့ရှိHeeseungမှလွဲလို့ တလောကလုံးစိတ်ဝင်စားဖို့ကောင်းနေသည့်ဟန်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...