(Unicode)
2010ခုနှစ်...
"ဟူးးးးး"
ဘေးနားရှိလွတ်နေသောစားပွဲခုံအားကြည့်၍ သက်ပြင်းမောရှည်မှုတ်ထုတ်လိုက်မိသောYang Jungwon။ ဒီနေ့နှင့်ဆိုလျှင် Heeseungကျောင်းမလာသည်မှာ တပတ်တောင်ပြည့်ပြီဖြစ်သည်။ ဖုန်းဆက်လည်းမကိုင်နှင့် ပျောက်ကိုပျောက်နေတော့သည်။
Heeseungဘာဖြစ်သွားသည်တော့ Jungwonလည်းနားမလည်ပေ။ ထိုနေ့ကကိစ္စဆိုလျှင်တော့ တွေးမိတိုင်းရှက်မိသော်ငြား Jungwonမေ့သင့်သလောက်မေ့နိုင်နေပြီဖြစ်သည်။ သူငယ်ချင်းအချင်းချင်းဆိုသည့်စိတ်နှင့် ရအောင်မေ့ပျောက်ထားခြင်းဖြစ်သည်။
Jungwonတောင်လုပ်နိုင်သည်ပဲ၊ သူကမလုပ်နိုင်ဘူးလား။
Jungwonတွေးရင်းပင် မကျေမနပ်ဖြစ်လာရသည်။ ယခုအတိုင်းဆက်သွား၍တော့မဖြစ်ကြောင်းလည်း သူနားလည်မိသည်။ သူတခုခုလုပ်ကိုလုပ်ရမည်။
*************************
"ဒီနေရာလား"
Jungwonမျက်လုံးပြူးမျက်ဆန်ပြူးနှင့်ပဲ ရေရွတ်မိတော့သည်။ Lee Heeseungတို့ချမ်းသာကြောင်းသိသော်ငြား ယခုလောက်ထိသူမှန်းမထားခဲ့။ သူ့ရှေ့တည့်တည့်မှခြံတံခါးကြီးသည်ပင် မော့ကြည့်၍တောင်မလောက်နိုင်အောင်မြင့်မားလွန်းသည်။ အိမ်ဆိုသည်ကတော့ ကျယ်ဝန်းလှသည့်ခြံဝန်းကျယ်ကြီးကြောင့် မြင်တောင်မမြင်ရ။
ကြည့်ရင်းပင် Jungwonကိုယ့်ကိုယ်ကိုသေးငယ်သလိုခံစားလိုက်ရသည်။ ဒီတိုင်းဆိုလျှင်တော့ Heeseungတယောက်သူ့အိမ်အားရောက်စဥ်က အံ့သြသွားသည်မှာမလွန်ကြောင်း သူသဘောပေါက်လိုက်ပါသည်။
သူတို့နှစ်ယောက်က တကယ်အခြေနေတွေမတူဘူးပဲ။
Jungwonအားငယ်စွာတွေးမိသော်ငြား ထိုအတွေးတို့ကိုအလျင်မြန်မောင်းထုတ်လိုက်တော့သည်။ ရရှိလာသည့်ဘဝအခြေနေအား သူအားငယ်မနေချင်။
တဖန်အားတင်းပြီးနောက် လူခေါ်ဘဲလ်အားရှာရပြန်သည်။ ခြံရှေ့ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက်၊ ဟိုနားတို့လိုက်၊ ဒီနားထိလိုက်လုပ်နေစဥ်တွင်ပဲ ခြံတံခါးပွင့်သွားကာ လူကြီးတယောက်ထွက်လာသည်ကို Jungwonမြင်လိုက်ရသည်။
YOU ARE READING
Me & You(Fanfic)
خارق للطبيعة(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...