(Unicode)
2010ခုနှစ်...
"Yang...Yang Jungwon!!!"
Heeseung၏အံ့သြခြင်းများစွာနှင့်ရေရွတ်မိသံ။ သူ့အိမ်တွင်၊ သူ့အခန်းရှေ့တွင်၊ Jungwonအားမြင်တွေ့ရမည်ဟုသူအိမ်မက်ထဲတွင်တောင်မမက်ခဲ့။ အခုတော့သူကသူ့အရှေ့တွင်မတ်တပ်ကြီး။
"ငါရုတ်တရက်ရောက်လာတာ မင်းအတွက်အနှောက်ယှက်မဖြစ်ပါဘူးနော်"
Jungwon၏မရဲတရဲမေးသံလေးနှင့် မဝံ့မရဲမော့ကြည့်လာသောမျက်ဝန်းတစုံ။ ထိုမျက်ဝန်းတို့အားမြင်ရပြီးနောက် Heeseungခေါင်းသာတွင်တွင်ခါမိသည်။ ရင်ဘက်ထဲမှကျယ်လောင်လှသော နှလုံးခုန်သံတို့ကြောင့် သူဘာမှပြန်မပြောနိုင်တော့။
"လာ...လာလေ၊ အထဲဝင်ခဲ့"
Jungwonအခန်းတွင်းဝင်သွားလိုက်လေတော့ Heeseung၏အခန်းသည်ပင် သူ့အိမ်တအိမ်လုံးထက်ကြီးနေကြောင်းသိလိုက်ရတော့သည်။
"ထိုင်...ထိုင်ဦး။ ဘာစားမလဲ၊ ငါတခုခုပြင်ခိုင်းလိုက်မယ်လေ"
Heeseungရင်ခုန်သံတို့အားလျစ်လျူရှုကာ ထစ်ထစ်ငေါ့ငေါ့နှင့်ပြောလိုက်တော့ Jungwonခေါင်းယမ်းပြလာပါသည်။
"မစားတော့ဘူး။ ငါအခုလာတာမင်းကိုစိတ်ပူလို့လာကြည့်တာ"
Jungwon၏စကားတို့သည်ရိုးရိုးလေးပင်။ သို့သော် မရိုးမရိုးဖြစ်နေသောHeeseungအတွက်တော့ ရင်ခုန်သံတို့အားဝုန်းဒိုင်းကြဲစေသည့် ဗုံးတလုံးကွဲလိုက်သလိုပင်။
သူကငါ့ကိုစိတ်ပူနေတာလား...Yang Jungwonကငါ့ကိုစိတ်ပူနေတယ်...
Heeseungရင်ခုန်ခြင်းများစွာနှင့် အပျော်များလွန်ကာတွေးမိသော်ငြား ချက်ချင်းအတွေးတို့အားပြန်ဖျောက်လိုက်သည်။ Jungwonသည်ရိုးရိုးသားသားပင်ဆိုလိုခြင်းဖြစ်ကြောင်း သူသိ၍ဖြစ်သည်။
"ငါအဆင်ပြေပါတယ်"
Jungwonရှေ့၌ဝင်ထိုင်ရင်း Heeseungဖြေလိုက်မိသည်။
"ဒါဆိုဘာလို့ကျောင်းမလာတာလဲကွ။ မင်းဘယ်သူပဲဖြစ်နေပါစေဦး အတန်းမတက်ရင် စာမေးပွဲဖြေနိုင်မှာမဟုတ်ဘူး"
"အင်း...ငါခဏအနားယူဖို့လိုနေလို့ပါ"
Heeseungတယောက် Jungwonအားမကြည့်ပါပဲပြန်ဖြေလိုက်သည်။ သူအနားယူဖို့လိုနေသည်မှာ Jungwonထံမှဖြစ်ကြောင်းတော့ သူထည့်မပြောလိုက်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...