(Unicode)
2010ခုနှစ်...
"ဒါတွေကဘာတွေလဲ"
မျက်စိရှေ့တွင်အပုံလိုက်ဖြစ်နေသော တန်ဖိုးကြီးပစ္စည်းများအား Jungwonတအံ့တသြမေးလိုက်မိသည်။ မြင်နေရသမျှသည် အကုန်တန်ဖိုးအလွန်ကြီးမားသည့်ပစ္စည်းတွေသာ။ တချို့ဆိုသူမြင်လည်းမမြင်ဘူး၊ ကြားလည်းမကြားဘူးသည့်အရာများတောင်ဖြစ်နေသေးသည်။
"မင်းအတွက်ကိုယ်ပြင်ဆင်ထားတာပါ။ မင်းကိုတောင်းပန်တဲ့အနေနဲ့ပေါ့။ အဲ့နေ့တုန်းက ကိုယ့်ကြောင့်မင်းထိခိုက်ခဲ့ရတာတောင်းပန်ပါတယ်"
ခေါင်းတချက်ငုံ့လိုက်ရင်း တောင်းပန်စကားဆိုလာသူသည် တောင်းပန်သည်တောင်လေသံတို့က မာန်ပါနေဆဲ။ Jungwonအနေရခက်စွာပင် လက်တခါခါလုပ်မိတော့သည်။
"ရပါတယ်ဗျ။ ကျွန်တော်လည်း ကြီးကြီးမားမားထိခိုက်ခဲ့တာမှမဟုတ်တာ။ တောင်းပန်စရာလည်းမလိုပါဘူးဗျ။ ပြီးတော့ ဒီပစ္စည်းတွေကိုလည်း ကျွန်တော်လက်မခံပါရစေနဲ့"
"ဘာလို့လဲ၊ မင်းမကြိုက်လို့လား"
"အဲ့လိုမဟုတ်..."
"ဒါဆိုလက်ခံလိုက်ပါ"
Jungwonပြောမည့်စကားအား ဆက်နားမထောင်တော့ပဲ Jayအနားရှိခလုတ်လေးတခုအား နှိပ်လိုက်တော့သည်။ မကြာလိုက် အခန်းထဲဝင်လာသူကJaeyun။
"Jay ငါ့ကိုခေါ်သေးလား"
"အင်း၊ ဒီပစ္စည်းတွေကိုကားပေါ်တင်ထားလိုက်ပါ။ Jungwonပြန်ရင် အဆင်သင့်ယူသွားနိုင်အောင်"
Jayစကားအား Jaeyunလည်းခေါင်းငြိမ့်ပြကာ အခန်းပြင်ခဏပြန်ထွက်သွားသည်။ ခဏကြာလေတော့ အခြားအမဲရောင်ဝတ်စုံဝတ်လူများနှင့်အတူပြန်ဝင်လာပြီး ပစ္စည်းများအားအမဲရောင်ဝတ်လူများကသယ်ကာ သူကကြီးကြပ်ပေးနေတော့သည်။
အားလုံးကြား ဟိုကြည့်ဒီကြည့်ဖြစ်နေရကာ ငြင်းရန်ပြင်နေသူကJungwon။ ဤမျှ တန်ဖိုးကြီးပစ္စည်းအများကြီးအားလက်ခံရန် သူ့အတွက်ဝန်လေးလွန်းလှသည်လေ။
"ဟို...ကျွန်တော်..."
သို့သော် ငြင်းရန်ပြင်နေသောJungwon ဆက်မပြောလိုက်ရ။ Jungwonပခုံးပေါ်ရောက်လာသော Jaeyun၏လက်တဖက်ကြောင့်ပင်ဖြစ်သည်။ Jungwonမော့ကြည့်လိုက်တော့ အသာခေါင်းယမ်းပြလာသောJaeyun၊ မပြောနှင့်ဆိုသည့်သဘော။ ထိုအခါ Jayမှလည်းလှည့်ကြည့်လာသည်။
YOU ARE READING
Me & You(Fanfic)
Paranormal(Unicode) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ... (Zawgyi) အတိတ်မှာပိတ်လှောင်နေမလား...အနာဂတ်ဆီဆက်လျှောက်လှမ်းသွားမလား...မင်းရွေးချယ်မှုပဲ...