part 1

2.8K 26 4
                                    

ရင်၌ တည်​ခဲ့သော...

အပိုင်း ၁

Girl Love fic(LGBT)

***************************************
နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းမှ ဆရာမများနှင့် အပန်းဖြေ ခရီးသွားမည်ကို တွေးရင်း ဒေါ်မိုးမြတ် ပြုံးနေမိသည်။ဆရာ ဆရာမအချင်းချင်းနှင့် သိပ်ပြီး အခေါ်အပြောမရှိသည့် သူမက တပည့်တွေနှင့်တော့ အတော်ရင်းနှီးပြီး ပြုံးပြုံးပျော်ပျော်နှင့် သဘောကောင်းတတ်သည်။သဘောကောင်းပြီး ဖော်ရွေတတ်သည့် ဆရာမများကို ကျောင်းသားအများစုက မလေးစားတတ်သောကြောင့် သိပ်အရောမဝင်တတ်ပေ။ ဖော်ဖော်ရွေရွေနှင့် စာသင်ပြီး စာမေးနှင့် ရင်းနှီးနေသည့် သူမအတန်းသူအတန်းသားများအပေါ် သူမ မေတ္တာထားသည်။ကျောင်းတွင် နဝမတန်း ဘောဂဗေဒနှင့် ဒသမတန်း သချာင်္ ဘာသာရပ်နှစ်ခုကို တာဝန်ယူထားရသည်။

ဒသမတန်းတွေအတွက် final exam​ဖြေဆိုနေသည်မှာ ဝဇ္ဇာတွဲတွေရဲ့ နောက်ဆုံး ဘာသာကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မနက်ဖြန်ဆိုလျှင် အဖြူအစိမ်း ဝတ်စုံလေးနှင့် ခဏတာ ခွဲရအုံးမည်။ တစ်မြို့လုံးတွင်အထက်တန်း​ကျောင်း အ.ထ.က (၁) နှင့် အ.ထ.က (၂) နှစ်ကျောင်းရှိပြီး အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း သုံးကျောင်းစီခန့်ရှိမည်။ ထို့ကြောင့် final examကို တခြားကျောင်းတွင် မကျပဲ ကိုယ်စာသင်သည့် ကျောင်းမှာပင် ပြန်ရလေသည်။

"ဆရာမ မင်္ဂလာပါ"

"အေး သားတို့ ဖြေနိုင်ကြလား"

စာမေးပွဲဖြေပြီး အခန်းထဲမှ ထွက်လာကြသော ကျောင်းသာများမှ နှုတ်ဆက်သဖြင့် အလိုက်သင့် စကားလေး ဆိုလိုက်ရသည်။ ကျောင်းသားအချို့က ဖြေနိုင်ကြောင်း ပျော်ပျော်ကြီး ဖြေပေမဲ့ ကျောင်းသား နှစ်ယောက်မှာ စပ်ဖြီးဖြီးနှင့်

"ဖြေနိုင်.....ကျပါတယ် ဆရာမ"

ဒေါ်မိုးမြတ် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးမှ နှုတ်ခမ်းကို အနည်းငယ် ရွဲ့ပြီး ပြန်ပြုံးကာ

"ဂရုစိုက်ပြန်ကြ ဟိုဟိုဒီဒီလျောက်မသွားကြနဲ့"

"ဟုတ်ကဲ့ပါ ဆရာမ"

သူမအတွက် မထူးဆန်းတော့သည့် အဖြေများပေါ့။ဖြေနိုင်လားမေးရင် အမြဲ ရွှတ်နောက်နောက် ဖြေတတ်သောကြောင့် သူမလည်း စိတ်ထဲ မထားတော့ပါ။

ရင်၌ တည်ခဲ့သော..Where stories live. Discover now