"ထားပါ...နောက် အတူမသွားချင်လည်း နေ နောက်မခေါ်ဘူး ပေး အဲ့ခြင်း"လက်ထဲမှ ဆွဲခြင်းကို အတင်းယူပြီး အခန်းထဲ ဝင်သွားလေသည်။
"ရှင်...."
ရွှန်းမှာ ဘာကို အလိုမကျသွားသလဲကိုပင် သဲသဲကွဲကွဲမသိလိုက်ရပေ။ထိုအချိန်မှ စ၍ ရင်းနှီးမှုတို့ တဖန် ပျောက်ရှခဲ့ရပြန်သည်။ ညနေ ကျောင်းဆင်းချိန်ဆိုလျှင်လည်း ရွှန်းကို ဆိုင်ကယ်နှင့် တင်မခေါ်တော့ပေ။ မနက်ဆိုလျှင်လည်း ဘယ်လောက်ပင် နောက်ကျမှ သွားသွား ဆရာမနှင့် ထိပ်တိုက် မတွေ့ဖြစ်တော့ပေ။ assemblageစီနေထျိန်တွင်သာ ရှေ့တွင် ကျောပေးရပ်နေသည်ကို အတွေ့များလာရသည်။ စာသင်ချိန်ပြီးတော့လည်း အရင်လို လိုက်မပို့ခိုင်းသောကြောင့် အလိုက်တသိနှင့်ဆွဲခြင်းအား ကောက်ယူပြန်တော့လည်း "ရတယ် "ဟုသာ ပြောပြီး နားနေခန်းကို ကိုယ်တိုင် ဆွဲသွားလေသည်။ဆရာကို ကြောက်ပါသည်ဆိုကာမှ ဆရာမက စိမ်းသွားလေတော့ ရွှန်းလည်း ခပ်ဝေးဝေးသာ နေမိတော့သည်။
"ကဲ....ဆယ်တန်းနှစ်ရဲ့ ပထမဆုံး လပတ် စာမေးပွဲဖြေတော့မယ်ဟေ့....စာတွေ လိုက်နိုင်ကြရဲ့လား"
"လိုက်နိုင်ပါတယ် ဆရာမ"
တစ်ခန်းလုံး တစ်ညီတစ်ညာဖြေကြလေသည်။ ဆရာမကတော့ အရင်လို့ အလယ်rollရှေ့ဆုံးအတန်းမှာ လက်ကလေးထောက်ပြီး စာမသင်တော့ပေ။ ယခုလည်း ညာဘက်rollရဲ့ ရှေ့ဆုံးအတန်းရှေ့မှာ ရပ်နေလေသည်။ စာသင်ပြီဆိုတာနှင့် ဆရာမမျက်နှာ စေ့စေ့ကြည့်ပြီး နားထောင်ရတာဟာ ကျောင်းသား/သူတိုင်းရဲ့အကျင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။
ကျောင်းသားထဲမှ ပြောရဲဆိုရဲရှိသည့် တစ်ယောက်မှ
"သားတို့ လိုက်နိုင်ပါတယ် ဆရာမ စာတွေကသာ အပြေးသန်နေတော့ မနည်းလိုက်ရတယ်"
ထိုကျောင်းသားပြောသော စကားကို သဘောကျ၍ တစ်ခန်းလုံး လိုက်ရယ်ကြသောကြောင့် ခပ်အုပ်အုပ်အသံလေး ညံစီသွားသည်။
"ဆရာမ အမှတ်အများဆုံး လူကို ဆုချမှာလား"
ထိုကျောင်းသားမှ ဆက်မေးလိုက်သည်။
"အမလေး တစ်ခန်းလုံး အမှတ်တန်းတူဖြစ်နေရင် ဆရာမ ဘယ်သူ့ဆုချရမတုန်း တစ်ခန်းလုံးက ကြည့်ရတာ အတော်တွေကြီးပဲ"
YOU ARE READING
ရင်၌ တည်ခဲ့သော..
Werewolfဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...