ဒီနေ့ ကျွန်မကျောင်းက ပြန်လာတော့ အိမ်တွင် ဆူဆူညံညံအသံအချို့နှင့် ကြိုနေလေသည်။ကျွန်မ အိမ်ဝအရောက် မိန်းမကြီးတစ်ယောက် ဒေါနှင့်မောနှင့် ထွက်လာပြီး ကျွန်မကို မျက်စောင်းထိုးကာ စောင့်ကြီးအောင့်ကြီးနှက့် ထွက်သွားလေသည်။ ကျွန်မ တိတ်တိတ်လေး အိမ်ထဲမဝင်သေးပဲ အပေါက်ဘေးနားမှ ကပ်နားထောင်နေမိသည်။
"မိန်းမရယ် မင်း ဘာလို့ သွားချေးရတာလဲ..အဲ့မိန်းမကြီး အပေါက်ဆိုးတာလည်း မင်းလည်း အသိပဲကိုကွာ.."
အဖေ့ရဲ့ အေးအေးလူလူအသံ..။
"အကိုရယ် ကျွန်မလည်း ဘယ်ချေးချင်ပါ့မလဲ အခု တော့်..သမီးအငယ်မက ကျူရှင်လခနဲ့...ဝင်ငွေဆိုပြီး တက်တက်တူတူရှိတာဆိုလို့ တော်နဲ့ ကျုပ်ပဲ ရှိတာလေ...သမီးကြီး ကျောင်းစရိတ်နဲ့..အငယ်မ ကျူ ရှင်စရိတ်နဲ့...မတတ်သာလို့ ချေးရတာပါရှင်..."
"လိုတဲ့ပိုက်ဆံ ငါ့ကိုပြောလေ... "
"အော်...ယောက်ျားရယ်...တော်လည်း သူတစ်ပါးဆီ လုပ်ပြီး တစ်နေ့မှ ၅ထောင် ၆ထောင်ပဲရတာ....ကျုပ်လည်း တစ်နေ့မှ ၂ထောင် ၃ထောင်ရတာ စားဖို့သောက်ဖို့ ဝယ်ရတာနဲ့ ခုဏပြောတဲ့ဟာတွေနဲ့ ဘယ်လိုလောက်မှာလဲ"
"အလတ်မ မေပျိုကရော မပို့ဘူးလား"
"ငါနင့်ကို အဲ့ဒါတွေ မကြိုက်တာ အိမ်ထောင် ဦးစီးတစ်ယောက်လုပ်နေပြီး ဘာ...မှ မသိဘူး အဲ့လိုတွေ အလုပ်လုပ်တာတစ်ခုထဲနဲ့ ဘာမှမမေး ဘာမှ မသိပဲနဲ့ ပြီးမှ ကျုပ်ကို စွတ်ဟောက် ငါတော်တော်ကို အမြင်ကပ်နေပြီ..... ".
အမေ့အသံလေး စူးစပြုလာပြီ...ဒေါသသံတို့ နှောလာပြီ...ဒီကိစ္စရဲ့ အဓိက ပြသနာက မမနဲ့. ကျွန်မရဲ့ ကျောင်းစရိတ်တွေတဲ့လား....Uniမှ တစ်ပတ်မှ တစ်ခါပဲ ပြန်လာလာတတ်တဲ့အမကတော့ နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ငွေကြေးကိစ္စနှင့် ပြသနာတတ်တာကို မသိရ မကြားရပေ။သို့သော် သူမလည်း ငွေ သိပ်မသုံးပါ။ သူပြောတဲ့အထဲတွင် အဆောင်လခကလွဲ၍ ကျန်တာ သက်သက်သာသာရယ်ပါ။အမလတ်ကတော့ ကျွန်မ ၉တန်းတက်မည့်နှစ်ဖြစ်သောကြောင့် တစ်နှစ်ကျ ဆယ်တန်းကို ဆက်မတက်ပဲ ရန်ကုန်ကို အလုပ်သွားလုပ်လေသည်။ဝင်ငွေ သုံးခုနှင့် ကုန်ငွေ နှစ်ခုက ဘာအကြောင်းကြောင့် မလောက်ငှပဲ ပြသနာတွေဖြစ် ပိုက်ဆံတွေ လိုက်ချေးနေရတာလဲ ကျွန်မ မတွေးတတ်ပါ။ သေချာတာ တစ်ခုက ကျွန်မသည် ကျွန်မဘဝကြီးကို စတင်ပြီး စိတ်နာစပြုလာသည်ကိုတော့ ကျွန်မ ကောင်းကောင်းကြီး သတိထားမိလိုက်သည်။
VOUS LISEZ
ရင်၌ တည်ခဲ့သော..
Loup-garouဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...