Uni part12

492 38 0
                                    

"သူက ဘယ်သူလဲ"

"ရှင်...."

"အော် သူက ဘယ်သူလဲလို့ တစ်ခါမှ မမြင်ဖူးလို့လေ..."

ထိုးနေသည့် မျက်စောင်းကို ပြန်ဖြေလျော့ပြီး လေသံအေးအေးနှင့်ပြန် မေးလာလေသည်။

'ဟို သမီး အမပါ ဆရာမ"

"အရင် မတွေ့ဖြစ်ပါဘူး ကိုယ့်ဟာကိုလာတာကို ဒီနေ့ လိုက်ပို့ပေးတာ ဘာဖြစ်လို့လဲ"

မထင်မှတ်ထားသည့် မေးခွန်းများနှင့် မျက်နှာထားကြောင့် ရွှန်း သတိကြောင်ပြီး လန့်နေရှာသည်။

"ဘာမှ မဖြစ်ပါဘူး ဆရာမ ဟို....ကျူရှင်မသွားချင်သေးလို့ ညထဲက မပြန်ပဲ မနက်မှ ကျောင်းကို တိုက်ရိုက်လာလိုက်တာပါရှင့်...."

"အော်.....ဆရာကြောက်တတ်တာလား ဆရာမကိုမြင်ရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့"

"ဟုတ်ကဲ့ ဆရာမ "

ကျောင်းပေါက်ဝကနေ ဆိုင်ကယ်ကိုတွန်းပြီး ကျောင်းဝန်းထဲသို့ ဝင်လာလေသည်။ ရွှန်းကတော့ ဘေးနားကနေ ဆွဲခြင်းလေး ကူဆွဲရင်း....

ခဏတာ စကားပြတ်သွားပြီးမှ မိုးဘက်က စ၍........

"စာနားမလည်တာရျှိရင် ဘယ်ဘာသာဖြစ်ဖြစ် မေး ကြောက်စရာမလိုဘူး သိလား ကိုယ်မသိမရှင်းလို့ စာမရရင် ကိုယ်ပဲ ကျကျန်ခဲ့မှာ"

ဆိုင်ကယ်ဒေါက်ထောက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ရှေ့ခြင်းထဲ ထည့်ပြီး ရွှန်းကို စကားစလိုက်သည်။

"ဟုတ်ကဲ့ဆရာမ "

ဘာပြောပြော ဟုတ်ကဲ့ဆရာမဟုသာ ပြန်ပြောပြီး ဆရာမဘေးနားမှ လိုက်လာလေသည်။ မိုး တကယ်ကို စိတ်မရှည်တော့ပါ။တကယ်ဆို ဟုတ်ကဲ့ဆရာမ နားလည်တယ်ဆိုရင်လည်း သမီးနာလည်ပါတယ် ဘယ်ဘာသာကိုနားမလည်ဘူးဆိုလျှင်လည်း ဘယ်ဘာသာကိုတော့ နားမလည်ဘူး ဟု တိတိကျကျပြောသင့်သည်လေ။

ထွက်လာတုန်းက ဟိုကလေးကို ချော့မယ်ဆိုသည့် အတွေးနှင့်ပေါ့ ။ကျောင်းရောက်တော့ အဲ့ဟိုကလေးဟာ မထုံသက်ပြင်းလုပ်နေတော့ ဒေါသပိုထွက်ရပြန်သည်။ ရွှန်းလက်ထဲမှ ဆွဲခြင်းကို ဆောင့်ယူပြီးမှ သက်ပြင်းတစ်ချက်ချကာ

ရင်၌ တည်ခဲ့သော..Where stories live. Discover now