Uni part13

618 43 0
                                    


"ဟဲ့ ဟိုကလေးလေး သမီး အဲ့ဒါသမီးတပည့်မလား ဟိုမှာပြန်သွားပြီ ခေါ်ဦးလေ အထဲကို...."

"အယ်....ရွှန်းလဲ့ဦး သမီး....လာလေ..... ပြန်မနေနဲ့တော့ ဒီည ဒီမှာပဲ အိပ်လိုက် "

အဖွားကိုတောင် ကောင်းကောင်းမချွဲရပဲ လှမ်းခေါ်ရသည်။

"ဟို....ရပါတယ် ဆရာမ သမီး ကျူ ရှင်မသွားတော့ပဲ အိမ်ပဲ ပြန်လိုက်ပါ့မယ်"

"ကျူ ရှင်ပြန်ပြန် အိမ်ပြန်ပြန် အဝေးကြီးကို....ပြန်မနေနဲ့လို့ ဆရာမ ဖုန်းခေါ်ပြီး ပြောပြလိုက်မယ် လာ ခုပြန်ဝင်လာခဲ့..."

ခု ပြန်ဝင်လာခဲ့ ဆိုသည့်အမိန့်ကြောင့် လှမ်းနေသည့် ခြေလှမ်းများက ခြံဝန်းထဲ ဦးတည်ခဲ့ရသည်။ညမှာဘယ်လိုဖြတ်သန်းရမလဲဆိုတာကိုတော့ကြိုကိုမတွေးရဲပေ။ကြောက်ပါသည်ဆိုကာမှဒဲ့တိုးရသည်။

ဆရာမဟာ သူ့အဖွားကို ဖြစ်လာသမျှ ပြောပြပြီး ငိုယို ချွဲနွဲ့နေလေသည်။ဘေးက ရွှန်းကတော့ ဒါဟာ ကျွန်မကို စာကြိုးစားဖို့ အမြဲ ရှုတည်တည်နဲ့ပြောတတ်သည့် ဆရာမမှ ဟုတ်ရဲ့လားဟု အံ့သြနေမိသည်။ အတော်ကြာသွားတော့ မျက်ရည်ခမ်းသွားသည် ထင်ပါရဲ့ အဖွားနားမှ ထပြီး...

"မေ့နေတာ သမီးကျူ ရှင်ကို ဖုန်းဆက်ပြောပေးမယိနော်"

"ဆရာမနဲ့ အန်တီထက်နဲ့ စကားမပြောဘူးမလား ဟင်..."

"အင်း ပြောတော့ မပြောဘူးပေါ့ ဒါပေမဲ့ မပြောလည်း မဖြစ်လို့လေ"

"ဟို...ရပါတယ် ဖုန်းပဲခေါ်ပေးပါ သမီးဘာသာပြောလိုက်ပါ့မယ်"

"သမီး အိမ်က ဖုန်းနံပါတ်တွေ မသိဘူးလား"

"သမီးတို့အိမ်က ဖုန်းမရှိဘူးလေ ဆရာမ သမီးအမတွေမှာပဲရှိတာ အဲ့ဒါတွေကျ သမီး မသိဘူးရှင့်"

"အော်...အဲ့ဒါဆို ကျူ ရှင်ပဲလှမ်းပြောလိုက်ပါ့မယ်"

အရင်က သင်ခဲ့ဖူးတော့ ကျူရှင်ရဲ့ဖုန်းနံပါတ်ကို ဆရာမကသိနေလေသည်။ဖုန်းခေါ်ပြီး တစ်ဖက်မှကိုင်တော့ စကားများ မထွက်ပဲ အင်...အဲ...နှင့်ဖြစ်နေလေသည်။ရွှန်းလဲ့ဦးမှ ဆရာမလက်ထဲမှ ဖုန်းကို လှမ်းယူလိုက်ပြီး ဆရာမ တစ်ယောက်ကို ကူညီရင်း ကျူ ရှင်နောက်ကျသောကြောင့် မလာဖြစ်တော့ပါ ဟုသာ ပြောပြီး ရှင်းပြလိုက်ရသည်။တစ်ဖက်မှ အန်တီထက်ကလည်း ဘာအပြစ်မှ မဆိုရှာပေ...၊ အပိုအလိုလည်း မပြောတာကြောင့် ဖုန်းပြန်ချလိုက်သည်။

ရင်၌ တည်ခဲ့သော..Where stories live. Discover now