Uni part 5

537 40 2
                                    


ရှေ့အာရုံစိုက်သွားနေရာမှ နောက်က ခေါ်သံကြားလို့ လှည့်ကြည့်လေသည်။မိုးကို မြင်တော့ တွန့်ချိုးထားသည့် မျက်ခုံးရိုးမှာ ပြေပျောက်သွားပြီး စိမ်းနေသော မျက်လုံးမှာ ချက်ချင်း အရောင်လဲ့သွားသည်။ သွားများကို ဖြီးပြီး..

"ရှင်...ဆရာမ"

ကြည့် သူမဟုတ်တဲ့ အတိုင်းပါလား....။

"ညနေကျရင် ဆရာမကိုစောင့်အုံး ကျူ ရှင် အတူသွားရအောင် ဆရာမ တစ်ယောက်ထဲမလို့"

မိုးကတော့ သာမန်ပါပဲ ဒါပေမယ့် ရွှန်းကတော့ မလှုပ်မယှက် တွေတွေကြီး ကြည့်နေလေသည်။မိုးစကားကိုလည်း ခဏ အကြာမှ

"ဟုတ်ကဲ့ ဆရာမ"

"အွန်း." ဟု ပြောပြီး ပိန်ရှည်ရှည်နှင့် ခါးကို မတ်ပြီး ခေါင်းကိုတော့ မော့သည်မဟုတ် ငုံ့လွန်းသည်လည်းမဟုတ် ရှေ့ကို ကြည့်ရင်း စိုက်စိုက်နှင့် နှစ်ထပ်ဆောင်ပေါ် ပြန်တက်သွားလေသည်။လမ်းလျောက်လျှင် လက်သီးလေးကို ခပ်ဖွဖွဆုပ်ပြီး လက်ကို ရှေ့လွှဲ နောက်လွှဲနှင့် လျောက်တတ်တာ ဘယ်သူ့ဆီမှာမှ မမြင်ရတဲ့ မိုးတစ်ယောက်ထဲသာပိုင်တဲ့ မိုးအကျင့်။

..........................................................

ဒီဆရာမနှင့် ဒီလောက်ထိ ရင်းနှီးသွားလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိပါ။ဆရာ ဆရာမတွေကိုဆို ဝေးဝေးရှောင်တတ်တဲ့ ကျွန်မအတွက် တစ်ခွန်းစ နှစ်ခွန်းစ စကားပြောမိတာကိုပင် အတော်ရင်းနှီးလှပြီဟု ထင်နေမိသည်။

ညနေကျောင်းဆင်းတော့ ဆရာမပြောသည့်အတိုင်းတော့ အတူသွားမည်ဆိုတဲ့စိတ်ကူးနှင့်တော့ စောင့်မနေခဲ့ပါ။ကျူရှင်နှင့် ကျောင်း ကူသည့်လမ်းတွင် ခြေလျင်လျောက်ရင်း နောက်ကို လည်ပြန်ကျော့ကျော့ကြည့်တာ အမော။ဆိုင်ကယ်ဦးထုပ်ကို ရှေ့မှန်ချပြီး စီးတတ်တဲ့ ဆရာမဟန်ပန်ကို ကျွန်မ မှတ်မိနေသည်လေ။ထိုဟန်ပန်လေး ပေါ်လာနိုးနိုးနှင့် လည်ပြန်မျှော်ကြည့်ပြီး လမ်းလျောက်လာသည်မှာ ကျူ ရှင်သာ ရောက်လာသည် မတွေ့ရ။ကိုယ့်ခုံကို ထိုင်ရင်း စာများ ပြန်နွှေးနေလိုက်သည်။ခဏကြာတော့ ကျောင်းသားအချို့နှင့် ရှေ့ဆင့်နောက်ဆင့် ဆရာမလည်း ရောက်လာသည်။ ကိုယ်တိုင်ကလည်း စောင့်ခိုင်းသည်ကို မစောင့်ပဲ လာသောကြောင့် အပြစ်ကျူးလွန်ထားသူပမာ မော့လည်း မကြည့်မိ နှုတ်လည်း မဆက်မိပေ။ ဆရာမကလည်း သူ့စကားကို သူ မေ့နေလေသလား သူ့အတွက် အရေးမကြိးလေသောကြောင့် မပြောလေသလားတော့မသိ။ ထိုကိစ္စကို တစ်ခွန်းမှ မဟမိပေ။

ရင်၌ တည်ခဲ့သော..Where stories live. Discover now