Uni part 14

725 46 4
                                    

ရွှန်းစိတ်ဆိုးသွားပြီဆိုတာကို မိုးမြတ်သိလိုက်ပေမယ့် ကျောင်းအုပ်ကမသွားခိုင်းသေးသောကြောင့် လိုက်သွား၍မရသေးပေ။လိုက်သွားချင်သည့် ဇောဖြင့်သာ လည်တစ်ထောင်ထောင်ဖြစ်နေရသည်။
ကျောင်းသားတွေရော ခံဝန်လက်မှတ်ထိုးပြီးမှ ဆရာကြီးက သွားခွင့်ပြုသောကြောင့် ဆရာကြီးကိုတောင်နှုတ်မဆက်ပဲ အမြန် ရွှန်းနောက်ကို လိုက်ရသည်။ သို့သော် နောက်ကျခဲ့သည်ဟု ဆိုရလေမလား ။ ရုံခန်းကနေ နှစ်ထပ်ဆောင်သွားသည့် လမ်းတစ်လျောက် မတွေ့ရပေ၊ ပြီး စာသင်ခန်းထဲ သွားရှာခဲ့သော်လည်း စာသင်ခန်း တခါးပါပိတ်ထားလေသည်။ ပြန်စဉ်းစားကြည့်တော့ ဟုတ်ပါရဲ့..... ဒီနေ့ ဒသမတန်း Aက ရွှန်းလဲ့ဦး တစ်ယောက်သာကျောင်းတက်ခဲ့လေသည်။ ကျောင်းတက်သူတစ်ယောက်ထဲဆိုတော့ အခန်းတခါးကိုယ်တိုင်ပိတ်ပြီး ပြန်သွားဟန်တူသည်။အချိန်ကြည့်လိုက်တော့ နေ့လည် ၁၂ထိုးဆိုတော့ ကွတ်တိဖြစ်နေလေသည်။ ကျောင်းမှ ထမင်းစားနားရန် အချက်ပေးသံချောင်းခေါက်မှ မိုးမြတ်ဆိုင်ကယ်နှင့် အမြန်လိုက်ရပြန်သည်။

ရွှန်းရုံခန်းထဲက ထွက်လာခဲ့သည်မှာ 11.45နာရီဖြစ်ပြီး ထိုအချိန်ထဲက ဒေါသစိတ်မွှန်ထူနေသောကြောင့် ဘာမှစိတ်ထဲမရှိတော့ပဲ စာသင်ခန်းတခါးကို ပိတ်ပြီး ကျူ ရှင်ဆီ ပြန်လာခဲ့လိုက်သည်။

မိုးမြတ် ရုံးခန်းထဲက ထွက်လာတော့ ၁၂နာရီတိတိဆိုတော့ ၁၅မိနစစ်ဆိုသည့် အချိန်လေး...။တကယ့်ကို နည်းလွန်းတဲ့ မိနစ်ပိုင်းသာသာလေးသာ...။သို့သော် ထိုမိနစ်ပိုင်းအချိန်လေးက ရွှန်းလဲ့ဦးနှင့် မိုးမြတ်တို့ကို နှစ်ရှည်လများ ခွဲခွာခြင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေ့...ရုံးခန်းထဲက ဒေါသစိတ်တွေ၊ စိတ်တိုခြင်းတွေ ၊ စိတ်နာခြင်းတွေနှင့် ထွက်သွားခဲ့သည့် ရွှန်းကို နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။မိုး အမြန်ဆုံး လိုက်ခဲ့ပေမယ့် သူလေးကို ရှာမတွေ့ခဲ့ပေ။ ကျူ ရှင်မှာပဲ ရှိနေမည်ဆိုတာကို တပ်အပ်ချ သိပေမယ့် မိုး လိုက်မသွားခဲ့ပေ။ အန်တီထက်နှင့် စကားမပြောသောကြောင့် မဟုတ်ပဲ အကယ်၍ လိုက်သွားခဲ့လျှင် မိုးရဲ့ သိက္ခာရှိသေးတာကြောင့် လိုက်မသွားဖြစ်ခဲ့ခြင်းဖြစ်သည်။ တစ်ခန်းလုံးမှာ သူတစ်ယောက်သာလျှင် ထူးခြားပြီး ကျောင်တက်နေသည့် ရွှန်းဟာ ကျောင်းသုံးလနားဖို့ ၁၀ရက်လိုသေးပေမဲ့ ကျောင်းကိုမလာတော့ပေ။ထိုနေ့ကထဲက ပျက်ကွက်သူတွေထဲ သူမပါသွားခဲ့သောကြောင့် တွေ့ဖို့ အခွင့်အရေးမဲ့ခဲ့ရသည်။

ရင်၌ တည်ခဲ့သော..Opowieści tętniące życiem. Odkryj je teraz