Uni part 7

561 37 0
                                    


"စာမေးပွဲတွေ ဖြေတော့မယ် ကြားတယ် ကျောင်းပိတ်ရင် မိရွှန်းကို အလုပ်လုပ်ခိုင်းရမယ်"

"ဟာ...အမေကလည်း....ကျောင်းကမပိတ်သေးဘူး အလုပ်လုပ်ခိုင်းဖို့ ပြင်နေပြီ စာတွေပိုင်ပြီလား ဖြေနိုင်အောင် လုပ်နော်လို့တော့ မပြောဘူး"

နှုတ်ခမ်းကို ချွန်ထွက်အောင် စူပြီး အမေဖြစ်သူကို မကျေမချမ်းပြောလိုက်သည်။

"ညည်း....." ရွှန်းစကားကြောင့် မျက်စောင်းထိုးကာ အံတစ်ဖက်ကြိတ်ပြီး ပြောလိုက်သည်။

"ညည်း...ညည်း...စာမလိုက်နိုင်ဘူးဆိုလို့ ကျူရှင်ထားပေးတယ်လေ မေးနေ ပြောနေစရာမှ မလိုတာ အဲ့ဒါမှ မအောင်ရင် ညည်း ညံ့လို့ပေါ့"

"ဟာ....အမေတို့က တအား ဘက်လိုက်တာ.." မဆီမဆိုင်ပြောလိုက်သည့် စကား တစ်ခွန်း......

သားသမီး တစ်ယောက်ထက်ပိုပြီး ရှိလျှင် ထိုစကားမျိုးက ကြားရစမြဲပင်။(တကယ်တော့ ဘက်လိုက်တာ မဟုတ်ပါဘူး မိသားစု ဖူလုံဖို့ ကြိုးစားရင်း စိတ်ရော ကိုယ်ပါ ပင်ပန်းပြီး ဝေစုမျှအောင် မလုပ်ပေးနိုင်တော့တာကြောင့် အဲ့လိုတွေ ဖြစ်ကုန်တာလို့ ကျွန်မ စိမ့်စမ်းငယ် ထင်ပါတယ်)

"ညည်းတို့ ငါတို့လိုအရွယ်ရောက်မှ သိလိမ့်မယ်..သိလိမ့့်မယ်....အဲ့ကျမှ ငါ့အမေတို့ ငါ့အဖေတို့လည်း ဒီလိုနေမှာပဲလို့ နောင်တမရစေနဲ့"

အံတကြိတ်ကြိတ်နှင့် ပြောနေသော အမေဖြစ်သူကို ရွှန်း ဘာမှတော့ ဆက်မပြောမိတော့ပေ။စကားအခြေအတင်ပြောလျှင်လည်း အမေကို အာခံပြောသည်ဟု ပတ်ဝန်းကျင်က ကောက်ချက်ချချေအုံးမည်။ ရွှန်းဟာ ထိုကဲ့သို့ ပတ်ဝန်းကျင်ကို ဦးနှောက်ထဲထည့်ပြီး အရေးလုပ်တတ်သော လူတစ်ယောက်ဖြစ်လေသည်။

"မိန်းမရေ...ဟိုမှာ မင့်သမီးပြန်လာတယ်ဟ..."

ကျောင်းမှ နှစ်ပတ်တစ်ကြိမ် သုံးပတ်တစ်ကြိမ်ပြန်လာတတ်သော ရွှန်းရဲ့ အမ ရွှေသွေးကို မြင်တော့ အဖေက လှမ်းအော်လေသည်။ ရွှန်းမှာတော့ ထိုအချိန်ကတည်းက မျက်စောင်းတွေထိုး နှုတ်ခမ်းဆူချွန်ထားလေသည်။

"အမလေး...ပြန်လာပလေ့စေ ဒီနေ့...အလုပ်နားရက် ကောင်းကောင်းကြီး နားပစ်အူံးမယ် ထမင်းကို ချက်ခိုင်းအုံးမယ် အဲ့မိရွှေသွေးကို"

ရင်၌ တည်ခဲ့သော..Donde viven las historias. Descúbrelo ahora