နေရာင်ခြည်များ အိပ်မောကျနေသော လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ် ဖြာကျပြီး ထိုလူတစ်ယောက်ရဲ့ ဘေးမှာ မိန်းမပျိုလေး တစ်ဦးရပ်နေလေသည်။တင်ပါး ကျော်ကျော်ခန့်ရှိသည့် ဆံနွယ်များဟာ လေပြေကြည်စယ်ဆွဲယူရာနောက် လိုက်၍ နွဲ့နွဲ့လေးပါသွားနေပြီး ဖြာကျနေသော နေရောင်ခြည်အောက်မှာကိုတောင် မီးခိုးပြာအပွင့်ဖော် မာဖလာလေးကို ပခုံးထက်မှ ခြုံထားလေသည့် ထို မိန်းမပျို..။
ဘေးဘီကို ကြည့်တော့ တောပန်း ခြုံနွယ်များက အနွယ်သဏ္ဍာန်နှင့် ကျကာ လေယူရာ ယိမ်းနွဲ့နွဲ့နေသည်။
ပတ်ဝန်းကျင်နှင့် ပဏ္ဏာတင့်စွာ ရှိနေသော ထိုမိန်းမပျိုလေးကို ငေးနေရင်းမှ နားဝဆီသို့ ရှိုက်သံ သဲ့သဲ့လေး ကြားလိုက်ရသည်။
ရင်းနီးသလိုလို ကြားဖူးသလိုလို အသံမျိုးနှင့် ရှိုက်နေသော ထို မိန်းကလေးက ကျွန်မကို မြင်ပုံမပေါ်ပေ။ လူသူ သဲကွဲရအောင် မျက်နှာမြင်စေရန် ကျွန်မ ရှေ့တည့်တည့်မှ သွားရပ်သော်လည်း စူးတောက်တောက် အလင်းတန်း တစ်ခုဟာ အိပ်မောကျနေသည့် အမျိုးသားကိုယ်ပေါ်သို့ ကျရောက်လာချိန်၌"ကိုကို....မသွားပါနဲ့ ကိုကို ငယ်လေး ကြောက်တယ် ကိုကိုရ မသွားပါနဲ့....မသွား....ပါ...."
အမှောင်ထုထဲတွင် ညင်ညင်သာသာ ပိတ်ထားသော မျက်လုံးတစ်စုံဟာ ဖျက်ခနဲပွင့်လာပြီး အသက်ရှုသံ မဆိုစလောက်လေး ကျယ်နေလေသည်။ သက်ပျင်းရှည်တစ်ခုကို ချရင်း
"ဟူး........ငါ ဒီအိမ်မက်ကြီးမက်ပြန်ပြီလား...အိမ်မက်ထဲက အမျိုးသမီးမမက ဘယ်သူလဲ ပြီး......နေရာကြီးကလည်း စိတ်ကူးယဉ်ဆန်လိုက်တာ...အသံကလည်း ရင်းနီးသလိုလို...မဟုတ်သေးပါဘူး...ဒီအိမ်မက်ကြီးမက်ပါများလို့ အသံစွဲနေတာ နေမှာပါလေ..."
မှောင်မှောင်မဲနေသောကြောင့် ည ဘယ်နနာရီရှိပြီကို ကျွန်မ မသိရပေမယ့် ဒီအိမ်မက်ကြီးမက်တာ အချိန်မှန်ဆိုတာ ကျွန်မ တထစ်ချယုံနေမိသလို အိမ်ထဲက အမျိုးသမီး မျက်နှာကိုလည်း ကျွန်မ တွေ့ဖူးချင်မိသည်။ထိုအမျိုးသမီးရဲ့ နောက်ကနေမြင်ရသည့်ပုံကို တစ်ဖန် မျက်လုံးထဲ ပေါ်လာပြန်တော့ နေလည်က အဖြစ်အပျက်လေးကို သတိရမိသည်။
YOU ARE READING
ရင်၌ တည်ခဲ့သော..
Werewolfဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...