စိတ်ကိုလျော့ပြီးနောက်မှမေးမည်ဟု ဆုံးဖြတ်၍ ပြန်လာလိုက်သည်။လမ်းတစ်ဝက်ရောက်တော့မှ ကျူရှင်အဝတွင် မြင်ခဲ့ရသည့် စက်ဘီးလေးနှင့် သူကလေးက...။
"အယ်...ဆရာမ...ဘယ်ကနေပြန်လာတာ ဒါဆရာမအိမ်လမ်းမှ မဟုတ်တာ..."
"ဟင်.....သမိး...."
"ဆရာမ ဆရာမအိမ်က ဒီလမ်းမဟုတ်ဘူးလေ ဘယ်လိုလုပ် ဒီလမ်းမှာ...."
"အော်...ဟို...အဲ့ဒါက...ဟို...သမီး..ဘယ်ဝင်နေလို့လဲ လမ်းမှာ ဆရာမ မတွေ့လိုက်ဘူးရော်..."
"ဟုတ် ဆရာမ ကျူရှင် အထွက်မှာပဲ လမ်းလွဲတာထင်တယ် သမီးက တစ်ခြားက သွားလိုက်တာရှင့်"
"အော်....အဲ့ဒါကြောင့်မတွေ့လိုက်တာ.. သမီး ဒီနေ့ ဘာတွေ ဖြစ်ထားလို့လဲ ကျောင်းကတည်းက သတိထားမိနေတာ ငေးငိုင်နေရော"
"ဘာမှ မဖြစ်ပါဘူး ဆရာမ သမီးက အဲ့လိုပဲ တစ်ယောက်ထဲ ရှိနေတဲ့အချိန်တွေဆို လျှောက်တွေးပြီး ငိုင်နေတတ်တာ....ဆရာမ ပြန်တော့လေ အိမ်က အဝေးကြီးမလား"
"အင်း...ဝေးတယ်...တစ်ယောက်ထဲဆိုတော့ သမီး သူငယ်ချင်းတွေက ဘယ်သွားလို့လဲ "
သိချင်တဲ့အရာကို ဇွတ်မေးပြီး တစ်ဖက်လူရဲ့ စကားကို လစ်လျူရှုထားလိုက်သည်။
"အာ...ဟို.ရှိပါတယ် ဆရာမ သမီးက ပျင်းလို့မို့ပါ"
မေးလိုက်သည့် မေးခွန်းများမှာ သာမန်မေးခွန်းများပေမယ့် အဓိပ္ပါယ်ချင်းမတူပဲ တောင်စဉ်ရေမရ လျေုက်ဖြေနေသော ရွှန်းကို မိုး ကြည့်ပြီး နှုတ်ခမ်းလေး ကိုင်းကာ ပြုံးလိုက်သည်။
ပိပိရိရိမလိမ်တတ်သည့် ရွှန်းမှာလည်း ကိုယ့်အဖြစ်ကို ကိုယ်သိပြီး...စကားဖြတ်ကာ အိမ်သို့ ပြန်ခဲ့လေသည်။
"ဆရာမ သမီး သွားတော့မယ် အိမ်က နောက်ကျရင် ဆူမှာကြောက်လို့"
"အေးအေး သမီး ဂရုစိုက်ပြန် ဆရာမ လိုက်ပို့ရမလား"
"စက်ဘီးကြီးနဲ့လေ ဆရာမ...ဘယ်လိုပို့မှာ"
ရယ်သံဖြော့ဖြော့လေးနဲ့ ပြောလိုက်သောကြောင့် မျက်နှာကို ချက်ချင်းတည်လိုက်ပြီး

ВЫ ЧИТАЕТЕ
ရင်၌ တည်ခဲ့သော..
Про оборотнейဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...