"သမီး မိုးမြတ်"
"ရှင်အမေ..."
"အမေတို့ သမီးကို ပြောစရာရှိတယ်ကွယ်"
နွေရာသီ ကျောင်းပိတ်ရက်ကို အိမ်မှာကပ်ပြီး နားရတဲ့ရက်ကလေးမှာ အမေနှင့် အမေကြီးကို ပြုစုမိသည်။ကျန်သည့်အချိန်ဆို အိမ်နှင့်ကျောင်းနှင့် ကူးနေရတာနဲ့တင် အမေနှင့်လည်း သိပ်စကားမပြောဖြစ်ခဲ့ပါ။
2015 ရဲ့ နွေရာသီမှာပေါ့...။အမေ့ဘက်က စကားစလာခဲ့လေပြီ.....။ကိန်းဂဏန်းခုနှစ်များကို တွေ့လေတိုင်း မြင်လေတိုင်း ယခုရောက်နေသည့်ခုနှစ်နှင့် မိုးတပည့်မလေး ပျောက်သွားခဲ့သည့် 2013ကို ပြန်တွေးတွက်ကြည့်ရင်း သတိရရတာအမေပင်။
2015 April 20 ရောက်ရှိနေသည့် ရက်စွဲကို တဖန်တွက်ကြည့်မိပြန်သည်။အိုကွယ်....ထိုကလေးမလေး ပျောက်သွားခဲ့တာ၂နှစ် နဲ့့ ရက်၂၀ ရှိပြီပဲ....။ေ နနိုင်လိုက်တာ....။ကိုယ်ဘက်ကပဲ တစ်ဖက်သက်ဆန်ပြီး တွယ်တာမိလို့များ ဒီလောက်ထိ သတိရနေမိတာလား။သူလေးဘက်ကရော....။ဖုန်းနံပါတ်လည်း သိပါရက်နဲ့ ၊အိမ်ကိုလည်းသိပါရက်နဲ့ messageတစ်စောင် ၊ Phnoe 1 call နဲ့ အိမ်ကို တစ်ခေါက်တစ်လေတောင် ရောက်မလာခဲ့ဘူး။ သေချာတာကတော့ ကိုယ့်ဘက်ကနေ တစ်ဖက်သက်ပဲ ခံစားနေဟန်တူပါရဲ့လေ။
"ဟဲ့....သမီး...ခေါ်နေတာကို"
အတွေးတွေထဲ အချိန်တွေနဲ့ လည်ပတ်ရင်း တွက်ချက်စဉ်းစားနေမိတာကြောင့် အမေ့ခေါ်သံကို မကြားမိလိုက်ပေ။
"ရှင်...အမေ...အမေဘာပြောလိုက်တာလဲဟင်"
"အိမ်း.....ပြောချင်တာကတော့ကွယ် ဘဝမှာ သားအမိနှစ်ယောက်ကြားမှာ အလေးနက်ဆုံးလို့ ထင်မိတဲ့စကားပါကွယ်..."
"ရှင်...အမေကလည်း ရိုးရိုးရှင်းရှင်းပဲ ပြောပါ သမီးဦးနှောက်ကမီတာမဟုတ်ဘူး"
ရှုံ့မဲ့မဲ့နှင့်ချွဲတဲတဲပြောလေသည်။
"အပိုတွေ ထည့်ထည့်ပြီးမပြောနဲ့ပါအုံးအေ....ဟိုဟာ...သမီး...အသက်လည်း ၃၀ထဲရောက်နေပြီ...အိမ်ထောင်မပြုသေးဘူးလား....အမေတို့ကလည်း အိုပြီလေ...အားကိုးရှာပါတော့ကွယ်"
မိုးသိသည်။ မိုးအသက်၃၀ရှိပြီလို့ ပြောကထဲက ဒီအကြောင်းကို ပြောတော့မယ်ဆိုတာ မိုး ကောင်းကောင်းကြီးသိသည်။ ဆုံးဖြတ်ရလည်း ခက်ချေပြီ...။
![](https://img.wattpad.com/cover/294841515-288-k967939.jpg)
YOU ARE READING
ရင်၌ တည်ခဲ့သော..
Werewolfဖွင့်ပြဖို့ သတ္တိနည်းခဲ့တာကြောင့် သမီးနဲ့ဝေးခဲ့ရပေမယ့် ဆရာမချစ်နေတယ်ဆိုတာကို သမီးလေး သိဖို့အတွက်ပဲ ဖွင့်ပြောခဲ့ရတာပါ..နီးစပ်ဖို့ မမျှော်လင့်တော့ပါဘူး.. ဆရာမ ဒေါ်မိုးမြတ် ...................................................... ကြောက်စိတ်ထက်...