Uni part 10

564 44 3
                                    

ဟင်း......ငါသာ စောင့်ပြီး ခေါ်ခဲ့ရင် အဲ့ကလေး အဲ့လို့ မပင်ပန်းရဘူး...ဘာမဟုတ်တာလေးနဲ့ မဆီမဆိုင် ငါ စိတ်တိုတာနဲ့ပဲ.....ဟူး......

သက်ပြင်းချပြီး အတွေးစတို့ကို ဖျက်ကာ အမေကြီး အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"အမေကြီး အိပ်တော့မှာလား.."

"အေး...ပုတီးလေးစိပ်ပြီး... အိပ်..တော့မလို့..ညည်းက ဘာလုပ်မလို့..."

"ဟော....အမေကြီးကလည်း မာန်ပါလိုက်တာ...သမီး...နှိပ်ပေးမလို့ပါ ညောင်းကိုက်နေမလားလို့"

"အေး...ညောင်းတာပေါ့"

အိပ်ယာပေါ်တွင် ပက်လက်လှဲလိုက်ပြီး အသာမှေးနေလိုက်သည်။ လက်ထဲမှ စိပ်ပုတီးကတော့တစ်လုံးပြီး တစ်လုံး ရွေ့လျားနေသေးသည်။ နှိက်နယ်ပြီး ခဏအကြာအမေကြီးအိပ်ပျော်သွားသောကြောင့် စောင်ပါးလေးတစ်ထည်ကို အပေါ်မှလွှားပြီး ခြင်ထောင်ကိုသေချာသပ်သပ်ရပ်ရပ်ချပေးပြီး ပြန်ထွက်လာခဲ့လိုက်သည်။
ဘုရားရှိခိုးပြီး မနက်ကျောင်းသွားရန်အတွက် လိုအပ်သည့်စာအုပ်များကို အစုံ သေချာထည့်ပြီး အိပ်ယာဝင်ခဲ့သည်။

_______________________________

"ဆရာမ ဆရာမ...."

"ဟေ....အေး...သား..ပြော....."

၉တန်းမှကျောင်းသားတစ်ယောက်မှ နောက်မှ အပြေးလိုက်လာပြီး ခေါ်သောကြောင့် ခဏရပ်စောင့်နေလိုက်သည်။ လက်ထဲမှ ခြင်းကို ဆွဲယူပြီး...

"ဆရာမ ဒီနေ့ အရမ်းကြည့်ကောင်းတယ် လှတယ်..."
ထိုကလေး သူမကို လိုက်ကြောင်ပြီဆိုတာကို သိလိုက်သည်။

ဒီကလေးက ၉တန်း Dခန်းထဲကပဲ....ငါလည်း သင်ဖူးပါတယ်...မျက်မှန်းလည်း တန်းမိပါရဲ့...ဒါကို မကြောက်မရွံ့...။

"ဟေ....အမလေး ကျုပ်က အမြဲလှပြီးသား..."

စည်းမကျော်လာသေးပဲ ကြားနေကျ စကားလုံးလေးသာသာကြောင့် မိုးလည်း ပြန်အရွှန်းဖောက်စကားဆိုလိုက်သည်။
ကျောင်းပေါက်ဝကတည်းက ဆွဲခြင်းလေး အတင်းဆွဲယူပြီး လိုက်လာပြီး လှကြောင်း ကြည့်ကောင်းကြောင်းသာ ပြောနေလေသည်။ မိုး အတတ်နိုင်ဆုံး သည်းခံခဲ့ပြီး ကျောင်းရုံးခန်းရှေ့ရောက်တော့ ဆွဲခြင်းကို ပြန်ဆွဲယူပြီး...

ရင်၌ တည်ခဲ့သော..Where stories live. Discover now